Zawgyi :
ဥယျာဉ်တော်ထဲက အလှဆုံးဟုထင်သည့်နှင်းဆီအချို့ကို သေချာရွေးယူခူးခဲ့ပြီး အဆောင်တော်ကိုပြန်ရင်း မိုးမျှော်စင်ရှေ့ကဖြတ်သွားသည့်အခါ အပျိုတော်တစ်ချို့ အုံနေသည်မို့ တစ်ချက်လှည့်ကြည့်လိုက်မိသည်။
သာမာန်ဆိုလျှင် လီလီသည် ပတ်ဝန်းကျင်ကို စိတ်ဝင်စားတတ်သူမဟုတ်တာမို့ ဒီအတိုင်းကျော်သွားမိမှာပေမဲ့ တစ်ချက်လှည့်ကြည့်မိတဲ့အချိန်မှာ မြင်ကွင်းထဲရောက်လာသည့် ပန်းချီကားလေးတွေကြောင့် ထိုနေရာမှာရပ်တန့်ကာ ငေးကြည့်နေမိ၏။
" ပန်းချီကား သုံးခုက အိမ်ရှေ့စံမင်းသမီးနဲ့ မင်းသမီးဂျဲန်နီ မင်းသားဒိုယောင်းတို့ရဲ့ လက်ရာပန်းချီကားတွေလို့ သိရပါတယ် မင်းသမီးလေး
ပြိုင်ပွဲတစ်ခုအနေနဲ့ လူအများရဲ့ ရွေးချယ်ဆုံးဖြတ်မှုခံဖို့ အခုလို ခင်းကျင်းထားတယ်လို့လဲ သိရပါတယ် "အလိုက်သိသူ အထိန်းတော်ကြီးက လီလီငေးကြည့်နေစဉ်မှာပဲ စုံစမ်းကာ အနားကို လာကပ်ပြောသည်။
" ဘယ်ပန်းချီကို အလှဆုံးလို့ အထိန်းတော်ကြီးထင်သလဲ "
"လက်ရာတွေက အရမ်းမြောက်လွန်းလို့ ကျွန်တော်မျိုးမ မရွေးချယ်တတ်ပါဘူး မင်းသမီး "
ထိုစကားကိုကြားတော့ လီလီ ပြုံးမိ၏။
" ဘယ်ပန်းချီကားက အိမ်ရှေ့စံမင်းသမီး လက်ရာဖြစ်မယ်လို့ရော အထိန်းတော်ကြီး တွေးထင်ပါသလဲ"
" ကျွန်တော်မျိုးမ မခန့်မှန်းတတ်ပါဘူး သို့သော်လဲ မှော်ဆန်တဲ့သဘာဝ ဆိုသည့်ပန်းချီကားကိုတော့ အိမ်ရှေ့စံမင်းသမီးလက်ရာဖြစ်နိုင်မယ်လို့ အတင့်ရဲစွာတွေးထင်မိပါတယ် "
" 'အနုပညာဆိုတာ နှလုံးသားကို ဖွင့်ဟပြသခြင်း' လို့ အနုပညာစာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ် အထိန်းတော်ကြီး "
" ဟုတ်ကဲ့ မင်းသမီး ဒါဖြင့်မင်းသမီးလေးအနေနဲ့ရော ဘယ်လိုတွေးထင်တယ်ဆိုတာ အတင့်ရဲစွာမေးခွင့်ပြုပါ"
အထိန်းတော်ကြီးရဲ့စကားကိုကြားတော့ ပန်းချီကားသုံးချပ်ကိုလှမ်းကြည့်ကာ လီလီခေတ္တငြိမ်သက်နေ၏။
BẠN ĐANG ĐỌC
Kryptonite(You will never be my 'kryptonite' )
Lãng mạnUnicoe : မင်းက ငါရဲ့အားနည်းချက် ဘယ်တော့မှမဖြစ်စေရဘူး .. Zawgyi : မင်းက ငါ့ရဲ့အားနည်းချက် ဘယ်တော့မှမဖြစ်စေရဘူး ..