ထယ်ကူးကတမင် ဆိုရီခြေထောက်ကိုတက်နင်းလိုက်သည်။ဆိုရီလည်းနာလွန်းတာကြောင့် အောက်ငုံ့ကြည့်နေသလို ဂျောင်ဂုနှင့် ကင်မ်လည်း ပြိုင်တူစားပွဲအောက်ကြည့်မိသည်။ထိုအချိန် ထယ်ကူးမှ ခွက်ချင်းလဲလိုက်သည်ကိုတော့မည်သူမျှမမြင်ပေ။ထယ်ကူးလည်းပြုံးကာ တနေရာသို့ကြည့်နေသည်။
~ Internal Love Of Kim~
"မွေးနေ့မှာပျော်ရွှင်ပါစေသားလေး"
ထယ်ကူး ၁၀ နှစ်ပြည့်မွေးနေ့သို့ရောက်ရှိလာပေပြီ။ကင်မ် အချုပ်ထဲကထွက်လာပြီး ၂ နှစ်အတွင်း ဂျွန် ကလည်း သိသိသာသာ ကင်မ်အပေါ်ပြန်ဂရုစိုက်လာပေမယ့် ထယ်ကူးကတော့ အရင်လိုသိပ်စကားမပြောတော့ချေ။ကင်မ်မှတ်မိသလောက် လွန်ခဲ့တဲ့ ၂ နှစ်က ဂျွန်ထမင်းလိုက်မစားတဲ့ရက်ကပင်။
"ကျေးဇူးပါဖေဖေ။ထယ်ကူးကိုချစ်ပေးလို့"
"အာရီဂူး လာပါဦး ဖေ့သားလေး။ဖေ့သားလေးတောင်အရွယ်ရောက်လာပြီပဲ"
"ဂျီ မလာသေးဘူးလား"
"ဟင်"
"ဂျီလေဖေဖေရယ်"
ဂျွန် ကိုမမေးဘဲ ဂျီ ကိုမေးလာတာကြောင့် ကင်မ်စဉ်းစားမရပေ။ဒီကလေး သူ့ပါးပါးကိုစိတ်ကောက်နေသည်ထင်သည်။
"ပါးပါး လာလိမ့်မယ်"
"မလာစေနဲ့"
"ဟင်"
ထယ်ကူးဒီနေ့ ဆိုရီဆိုတဲ့မိန်းမလုပ်ကြံမည်ကိုသိနေသည်။ပါးပါးနှင့်လိုက်လာကာ ဖေဖေကို မကောင်းကြံမည်ကိုသိနေတာကြောင့် ထယ်ကူးပါးပါးကိုမတွေ့ချင်ပေ။သို့သော် ထယ်ကူးဆုတောင်းတို့မပြည့်ခဲ့ပေ။သို့သော် ထယ်ကူးက ဖေဖေကင်မ်လို့ ဖြူစင်သူမှမဟုတ်ဘဲ
"အဟတ်"
ထယ်ကူးတချက်ရယ်လိုက်သည်။
"ရောက်လာပြီပေါ့၊လာပါထိုင်ပါ"
ထယ်ကူးကခုနကပုံစံနှင့်မတူစွာ ဖော်ရွေပြနေသည်မို့ ကင်မ်လည်းနားမလည်နိုင်ရှိပေသည်။
BẠN ĐANG ĐỌC
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Fanfiction*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌