လဲပြိုသွားသော အဖြူရောင်ဝတ်ရုံနှင့်ခန္ဓာကိုယ်တစ်စုံ....
ထိုခန္ဓာကိုယ်တစ်စုံရှေ့အထက်ကောင်းကင်ယံမှ မျက်ရည်များကျနေသော သူတစ်ယောက်...
တံခါးအကွယ်တွင် အရာအားလုံးကိုမမှိတ်မသုန်ကြည့်ရင်း အံကြိတ်ကာလက်သီးဆုတ်လျက်နာကျင်နေသောကလေးတစ်ဦး.......Internal Love Of Kim....
Jeon နိုင်ငံတော်ကြီး၏ ဘုရင်မင်းမြတ် "အရှင်ဂျွန်ဂျောင်ဂု" ၏စံစားရာနန်းဆောင်တွင် နေ့လည်ခင်း၏တခုသောအချိန်တွင်ဖြစ်သည်။
"ဂျွန် ...တကယ်ပဲ ဆိုရီ...
ချွဲဆိုရီ ကိုချစ်တာပဲလားဟင် ကင်မ့်ကိုဖြေစမ်းပါကင်မ့်ကိုနည်းနည်းလေးတောင်မချစ်ခဲ့ဘူးလားဟင် "ဂျွန်"""ဘယ်လိုမေးလိုက်တာလဲ ကင်မ်
ကျုပ်ဘဝမှာအရေးကြီးဆုံးနဲ့ အချစ်ဆုံး၊အချစ်ဦး၊အို..အရာရာဟာ
ချွဲဆိုရီ ဆိုတဲ့မိန်းကလေးကသာအရေးကြီးဆုံးဗျ၊ကင်မ့်ကို တခါမှမချစ်ခဲ့ဖူး ကျုပ်တာဝန်အရတာဝန်ယူပေးနေတာ ကင်မ်"အသက်မရှူတော့တဲ့ ချွဲဆိုရီ ရဲ့ကိုယ်လုံးလေးကို ရင်ခွင်ထဲမှာထည့်ကာဖက်ထားပြီး ရှိုက်ကြီးတငင်ငိုနေခဲ့တဲ့ "ဂျွန်".....
ကင်မ့်ရင်တွေနာလိုက်တာ ကိုယ်ချစ်တဲ့သူတစ်ယောက်ရဲ့နှုတ်က တခြားသူကိုတမ်းတနေတဲ့အခါ ကင်မ်ဘယ်လိုခံနိုင်ရည်ရှိရပါ့မလဲ။မျက်ရည်မိုးတွေသွန်းဖြိုးနေတဲ့ "ဂျွန်" ကချစ်ရသူဆုံးရှုံးသွားလို့ငိုနေသလို...
ကင်မ် ကလည်းရင်ဘတ်ကြီးတစ်ခုလုံးစုတ်ပြတ်သတ် ရစရာမရှိအောင် နာကျင်စွာနဲ့မျက်ရည်တွေကျမိနေတယ်။ဂျွန်ထယ်ကူး လေး 10 နှစ်သားရောက်သည့်တိုင် "ဂျွန်"က ကင်မ့်ကို "ချစ်တယ်"လို့တစ်ကြိမ်တောင်မပြောဖူးသလို ၊ ကင်မ့်ကိုအမြဲလျစ်လျှူရှုပြီး
ကင်မ့် အချစ်တွေကိုပယ်ချခဲ့တာ....
ဒီနှစ်တွေအတွင်း "ဂျွန်" ကင်မ့်ကိုချစ်လာပြီထင်ခဲ့တာ "ဂျွန်"ရဲ့...
"ဂျွန်"ဂရုစိုက်မှုတွေကို အချစ်လို့ထင်ခဲ့တာ အခုတော့ အခုတော့ "ဂျွန်"ကကင်မ့်ကိုတခါမှမချစ်ခဲ့ဖူးတဲ့လား....
ကင်မ် ကအာ့လောက်တောင်အရေးမပါရလား "ဂျွန်" ရယ်....
"ဂျွန်" သာပျော်မယ်ဆို ကင်မ်အရာအားလုံးဖြည့်စည်းပေးသွားမှာပါ "ဂျွန်"...
ထို့နောက် ကင်မ် မျက်ရည်တွေကိုလက်ဖဝါးနဲ့အသာဖယ်ထုတ်လိုက်သည်။
YOU ARE READING
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Fanfiction*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌