Diary page-3💜💛

138 6 0
                                    

JEON 's side....

ဒီနေ့မနက်လည်းကျွန်တော် ထုံးစံအတိုင်းပါဆယ်
အိတ်ဆွဲကာJIMINတို့အိမ်ရှေ့ရောက်နှင့်နေပြီ။

မနေ့ကကျွန်တော်တို့မြို့နားမှာရှိတဲ့တောင်ပေါ်ကျောင်းလေးကိုသွားမည်ဖြစ်၍စောစောထပြေးရင်းလွယ်အိတ်ထဲလိုအပ်သောပစ္စည်းများသယ်လာခဲ့ခြင်းပင်။

ကျနော့်ရဲ့နေ့စဥ်တာဝန်တွေထဲကတစ်ခု ၊ညဘက်ဆိုဂိမ်းအရမ်းဆော့လွန်းတဲ့သူငယ်ချင်းရဲ့အိပ်ချိန်တွေဟာဘယ်တော့မှပုံမှန်မရှိ။

သူနိုးချိန်ရောက်လို့သူ့အကြိုက်ဆန်မုန့် ထမင်းစားပွဲမှာမရှိတိုင်းဂျီကျမြဲ။ သူစားသည်ဖြစ်စေမစားသည်ဖြစ်စေ သူနိုးတဲ့အချိန်ရှိနေမှကျေနပ်သူ၊ အိမ်အကူမထားတဲ့JIMINရဲ့အမေဒုက္ခကိုစာနာလွန်းသဖြင့်တာဝန်ယူခဲ့မိရာမှ အခုတော့မုန့်မရတဲ့နေ့တိုင်းဂျီကျခံရသူဟာသူ။

အခုလည်းကိုယ်ကမနက်စောစောထပြေးပြီးသူ့အတွက်ဆန်မုန့်ဝယ်ခဲ့ပေမဲ့
ကိုယ်တော်ချောကခုထိမနိုးသေးပုံပေါ်သည်၊ခြံဝရောက်သည်အထိအရိပ်အယောင်ပင်မမြင်ရ၊ဒီအတိုင်းဆိုနောက်ကျတော့မည်။

Jung Kookလည်းလူခေါ်ဘဲလ်ကိုသာ သုံးလိုက်ရလေတော့သည်။

Jung Kookဘဲလ်တီးလိုက်တော့ JIMIN Momကတံခါးဖွင့်ပေးပြီးအပြုံလေးနဲ့ကြိုသည်။

"....JungKook....သား အထဲလာ ဟိုကာလနဂါးရဲ့ဆွေတော်မျိုးတော်ကတော့သိတဲ့အတိုင်းပဲ...."

"......ဟီး....ကျနော်သွားကြည့်လိုက်ဦးမယ်အမေ..."

ကျွန်တော့်သူငယ်ချင်းအမေဟာကျွန်တော့်အမေပဲလေ။ ဒါကြောင့်ငယ်ငယ်ထဲကအမေလို့ပဲခေါ်‌ဖြစ်တာ။

အခန်းတံခါးကိုအသာတွန်းပြီးဝင်သွားတော့ စောင်ပုံထဲမှာအိပ်မောကျနေတဲ့သူငယ်ချင်း။
သက်မဲ့ဆန်မုန့်လေးကစားပွဲပေါ်ရောက်နေပေမဲ့သက်ရှိဆန်မုန့်လေးကတော့အိပ်ပျော်နေတုန်း။

ဖြူဖြူလုံးလုံးလေးနဲ့ ကျနော့်သူငယ်ချင်းကအရမ်းချစ်စရာကောင်းတာ။ ပါးဖောင်းဖောင်းလေးနှစ်ဖက်ရယ်၊နူတ်ခမ်းဖူးဖူးလေးနဲ့လက်လေးတွေခြေထောက်လေးတွေကသေးသေးလေးရယ်၊တစ်ကယ့်ချစ်စရာအသွင်အပြင်လေးတွေ။

FIRST LOVE DIARY(Kookmin)Where stories live. Discover now