Part-14

1.4K 169 56
                                    

Unicode

ပိန်ပိန်ပါးပါးခန္တာကိုယ်လေးနဲ့ယွန်နားဆိုသောမိန်းခလေး မရှုမလှစွာခုတင်ခြေရင်းကိုခွေခေါက်ပြီးလဲကျသွားတယ်

"အ့!!!"

‌ခွေခေါက်လဲကျနေတဲ့သူမရဲ့ဆံပင်ကိုနောက်ပြန်လှန်ဆွဲလိုက်တဲ့ထယ်ယောင်း

"ငါမင်းကိုဘာပြောခဲ့လဲ ငါ့ကိုလာမရှုပ်နဲ့လို့ပြောပြီးသားမှတ်လား"

ထယ်ယောင်းအံကိုကျိတ်ကာစကားတစ်လုံးပြောတိုင်းယွန်နားရဲ့ဆံပင်တွေကိုစောင့်ဆွဲတာကြောင့် ယွန်နား ထယ်ယောင်းလက်တွေကိုဖယ်ပေမဲ့အရာမရောက်

"ယွန် ယွန်နား ထယ်ယောင်းကိုချစ်တယ်"

"ငါ့အတွက်မင်းအချစ်မလိုဘူး ငါလိုအပ်တာကင်ဆော့ဂျင် သူ့ကိုပဲငါလိုအပ်တယ် အခုမင်းရဲ့အရေးမပါတဲ့လုပ်ရပ်တွေကြောင့် ငါ့စီစဉ်ထားတာတွေလွဲကုန်ပြီ!!!!"

ယွန်နားကိုဆံပင်ကနေစောင့်ဆွဲပြီး မှန်တင်ခံုရှိရာဘက်ကို အရုပ်တရုပ်လွှင့်ပြစ်လိုက်တယ်

ဝုန်းးးဆိုတဲ့အသံနဲ့အတူ ကျွန်းနဲ့ပြုလုပ်ထားတဲ့မှန်တင်ခံုပေါ်ကပစ္စည်းတွေလည်းလွင့်စင်သွားသလို ယွန်နားကိုယ်တိုင်လည်းမှန်တင်ကုန်ထောင့်စွန်းနဲ့ဗိုက်ကိုရိုက်မိသွားတာကြောင့် နာကျင်မှုကအသံပင်မထွက်နိုင်ပဲမျက်ရည်ထွက်ရုံသာတက်နိုင်တယ်

မှန်တင်ခုံဘေးမှာ ဗိုက်ကိုလက်နဲ့ဖိနေတဲ့ ယွန်နားရဲ့ဆံပင်တွေကို ထယ်ယောင်း နောက်တစ်ကြိမ်စောင့်ဆွဲလိုက်တယ်

"အင့်!!ထယ် ထယ်ယောင်း ယွန်နား နာတယ်"

"မင်းအပြစ်လုပ်ထားတာလေ မင်းရဲ့အပြစ်ကိုမင်းခံရမယ်မဟုတ်လားလီယွန်နား ငါကမင်းအဖေမျက်နှာကိုထောက်နေလို့ပြီးခဲ့တဲ့ကိစ္စတွေကိုအလျှော့ပေးနေခဲ့တာ ဒီတစ်ခါတော့မရဘူး"

"ယွန်နားကထယ်ယောင်းကိုချစ်ခဲ့လို့ပါ ထယ်ယောင်းရယ်သေချာပြန်တွေးကြည့်ပါ ယွန်နား‌ရောအဖေရောက ထယ်ယောင်းကိုအစစအရာရာကူညီပေးနိုင်သလို ယွန်နားကလည်းဂျွန်ဆော့ဂျင်ထက် အစစအရာ အများကြီးသာတဲ့မိန်းမတစ်ယောက်ပါ"

STEPFATHER ᵒʳ STEPBROTHER ✔︎Where stories live. Discover now