ကင်မ်မင်းသားကတော့အမြဲပဲ "အရှင်ဂျွန် ကိုစိတ်အနှောက်အယှက်မပေးပါနဲ့၊ကင်မ်ခံနိုင်ရည်ရှိပါတယ်"ဆိုပြီးကျနော်မျိုးတို့ကိုပြောတာမို့ ကျနော်မျိုးတို့လည်းအခြေအနေအကုန်သိပေမယ့် နှုတ်ဆိတ်ခဲ့ရပါတယ်"
~ Internal Love Of Kim~
"နောက်တယောက်ဆင့်ခေါ်စေ"
မင်ယွန်ဂီမှအမိန့်ပေးလိုက်တော့ နောက်တယောက် ရှေ့တော်မှောက်ခစားလေသည်။
"ကဲ ပြောပြလိုက်ပါဦး"
"ကျွန်တော်မျိုးမနာမည်က ဒိုမန် ပါ။ပထမဆုံးကင်မ်အဆောင်တော်ကိုခစားရသူပါ။အာ့ဒီ့နေ့က ကျမကင်မ်မင်းသားအဆောင်တော်ကို နံနက်စောစော အပင်ရေလာလောင်းတော့ မိန်းကလေးချွဲဆိုရီ ကကင်မ်မင်းသားကိုတံခါးခေါက်ကာနှိူးတာတွေ့ရပါတယ်။ကျမလည်း ကင်မ်သခင်လေးအိပ်နေတာပြောမယ်ကြံတော့ ကင်မ်မင်းသားက အရှင်ဂျွန် ထင်ပြီးတံခါးလာဖွင့်ရှာပါတယ်။အာ့မှာကျမလည်းခိုင်းစရာရှိရင်ခိုင်းရအောင်ဆိုပြီး ကင်မ်မင်းသားနောက်ကိုသွားရပ်နေလိုက်ပါတယ်။မိန်းကလေးချွဲဆိုရီက ကင်မ်င်းသားကို အရှင်ဂျွန်နဲ့မပတ်သတ်ဖို့အတင်းလာပြောပြီးကိုယ်ထိလက်ရောက် ထိခိုက်အောင်လုပ်မလို့ရွယ်တာပါ။အာ့အချိန် အရှင်ဂျွန်လာတော့ သူမသူ့ဖာသာနောက်လှဲချပြီး ကင်မ်မင်းသားကိုမဟုတ်မမှန်ပြောပြီး အရှင်ဂျွန် ကို ဂုန်းလျောတာပါ။အမှန်တကယ်တော့ ကင်မ်မင်းသားကအေးအေးဆေးဆေးပဲပြန်ပြောတာပါ သူမကသာရန်စကားတွေပြောလာသူပါ။အာ့နေက အရှင်ဂျွန် ကင်မ်မင်းသားကိုပါးရိုက်လိုက်တော့ ကျမလည်းကြောင်နေမိတာ။ကျမဝင်ပြောမယ်ကြံတော့ ကင်မ်မင်းသားက "မပြောနဲ့"ဆိုတဲ့ပုံနဲ့ မျက်ရိပ်ပြလို့ကျမလည်းမပြောတာပါ။အရှင်ဂျွန်ပြန်သွားမှ အရှင်ဂျီမင်လည်း ရှေ့ထွက်လာပြီး ကင်မ်မင်းသားအစားမခံမရပ်နိုင်ဖြစ်ကြပေမယ့် ကင်မ် မင်းသားက အရှင်ဂျွန် ကိုစိတ်အနှောက်အယှက်မဖြစ်စေချင်တာကြောင့် သူမလုပ်ဘဲအနာခံကာ အပြစ်ခံယူတာပါ အရှင်"
"ကဲ နောက်တယောက်"
"ဟုတ်ကဲ့ ကျနော်က မန်ချောင် ပါ။ထောင်တာဝန်ခံပါ။ကင်မ်မင်းသား အချုပ်ကျစဉ်အတွင်း မိန်းကလေးချွဲဆိုရီက လာရောက်နှိပ်စက်လေ့ရှိပါတယ်။တခါတခါ မီးကျည်နဲ့နှိပ်ဆက်သလို၊တခါတခါ သံချွန်၊တခါတခါဖယောင်းပူ၊ကြာပွတ်အမျိုးမျိုးဖြင့်လာရောက်နှိပ်ဆက်ပါတယ်။ကင်မ်မင်းသားက တခါမှ အပြစ်မမြင်ဘဲငြိမ်ခံပါတယ်။ကျနော်မျိုးလည်း အရှင်ဂျွန်ကိုတိုင်မယ်ကြံပေမယ့် အရှင်ဂျွန်က မင်းသားကင်မ်အကြောင်းပြောတာအကြိုက်တာမို့ ကျနော်မျိုးမပြောရတာပါ။ကင်မ်မင်းသားကတော့အမြဲပဲ "အရှင်ဂျွန် ကိုစိတ်အနှောက်အယှက်မပေးပါနဲ့၊ကင်မ်ခံနိုင်ရည်ရှိပါတယ်"ဆိုပြီးကျနော်မျိုးတို့ကိုပြောတာမို့ ကျနော်မျိုးတို့လည်းအခြေအနေအကုန်သိပေမယ့် နှုတ်ဆိတ်ခဲ့ရပါတယ်"
ESTÁS LEYENDO
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Fanfic*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌