အတော်ကဲတဲ့ အမောင်တော်ချော နှင့် ယပ်တော် အမတ်မင်း
"ဟူး.....ရွှေဈေးတွေကလည်းတက် ဆီဈေးတွေလည်းတက်နဲ့ ကုန်ပါပြီဟယ်"
မင်းခန့် သူ့အမေ၏ ပြောစကားကိုကြားပြီး ထောက်ခံလိုက်သည်။
"ဟုတ်ပါ့ မေမေရယ် ကျွန်တော်ဖြင့် တစ်နေရာရာသွားရင် ကားဆီဖိုးကြောက်လို့ စက်ဘီးစီးရမလိုတောင်ဖြစ်နေပြီ""ဟမ်? နင်က စက်ဘီးစီးဦးမယ်? ငယ်ငယ်ထဲက သင်လာတာတောင် လမ်းမတည့်တဲ့ဟာက"
"မေမေရယ် ဘယ်တတ်နိုင်မတုန်း။ ဆီဈေးကတက်နေတာလေ။ ရပါတယ် လေ့ကျင့်ယူရတာပေါ့ အရင်လို ဒူးတော့မပြဲပါဘူးလေ"
ဒေါ်ယုမေက မယုံသင်္ကာသောအကြည့်နှင့်
"အေးအေးဟုတ်မှလည်းလုပ်ပါဦး"သေချာတာပေါ့ဗျာ...မိခင်တွေဟူသည် သားသမီးနှင့်ပက်သက်ရင် ဆတ္ထမ အာရုံသည် လွဲသည်မရှိပေ။
ယခုမင်းခန့်တစ်ယောက် ဒူးတော့မပြဲပါရဲ့ ဒါပေါ့ ဝင်ကြုံးပြီးနေပြီကိုး...."အစ်ကိုရရဲ့လား....ဟိုဟို...ဆောရီးပါဗျာ..ကျွန်တော်က စသင်နေတာမို့..."
မင်းခန့် အားနာစွာ အထပ်ထပ် တောင်းပန်မိနေသည်။
ကိုယ့်အပြစ်လည်းပါသည်ကိုး။လမ်းပေါ်တက်နင်းတာကိုမှ တည့်တည့်မသွားဘဲ တက်လိုက် ကျလိုက်နဲ့။တော်သေးသည်။ မင်းခန့်တို့ ရပ်ကွက်လမ်းက သိပ်ပြီး လူမရှုပ်၍။ရပ်ကွက်သည် တိုက်ခန်းတွေစုနေသော နေရာကဲ့သို့မဟုတ်ဘဲ ြခံနှင့်ဝင်းနှင့် အိမ်ရာများဖြစ်သည်။
"ရပါတယ် ငါ့ညီရယ်..မင်းကို အနောက်က ထိန်းပေးမဲ့သူများမရှိဘူးလား"
ထိုလူသည် မင်းခန့် ကမ်းပေးသော လက်ကိုလှမ်းယူထရင်း ပြောသည်။"အဲ...ကျွန်တော်က အိမ်မှာတစ်ဦးတည်းသောသားကိုး အဲ့တော့ မရှိဘူးဗျ အစ်ကိုရရဲ့လား လမ်းထိပ်က ဆေးခန်းဆီခေါ်သွားပေးရမလား...?"
"ရပါတယ် ဆိုင်ကယ်က မြို့ထဲထိ စီးလို့တော့မရဘူး အကိုက မန္တလေးကနေ ယူလာတာ ဟိုမှာတော့စီးနေလို့ အခုက ဈေးသွားဘာသွားဆိုစီးနေတော့ မင်းက ရုတ်တရက် လမ်းပေါ်တက်လာတော့ ရှောင်လိုက်တာ လမ်းက အကျယ်ကြီးပါ ကောင်လေးရယ်.."
မင်းခန့် ရှက်ရွံ့စွာ ခေါင်းကုတ်ပြီး ငြိမ်နားထောင်နေရသည်။