"ကင်မ်မင်းသားတဖန် လူဖြစ်၍ဤနေရာကိုရောက်သည့်အခါမှ ဤချယ်ရီပန်းတို့ပွင့်စေသား"ဟူ၍ကျိန်ဆိုခဲ့သည်။
~Internal Love Of Kim ~
အချိန်တွေတဖြည်းဖြည်းကုန်လွန်လာပေမယ့် Jeon နိုင်ငံကအဖြစ်အပျက်တွေကမနေ့တနေ့ကလိုပင်။ကင်မ်မင်းသား နတ်ရွာစံသည့်နေ့မှစ၍ ဂျွန်ထယ်ကူး အားဂျွန်ဂျောင်ဂုမှ ဘုရင်အရိုက်အရာလွှဲပြောင်းပေးသည်။ကင်ထယ်ကူးလက်ထက်တွင် Jeon နန်းတော်အတွင်းမိန်းကလေးဝင်ထွက်ခွင့်မပြုတော့သလို၊မိန်းကလေးအစေခံများကိုလည်းထိုက်သင့်သော ငွေများပေးကာရာထူးမှထုတ်ပယ်သည်။ထယ်ကူး ဘုရင်ကိုယ်တိုင်လည်း နန်းတော်တွင်းသာနေထိုင်၍ မိန်းမများနှင့်ကင်းရှင်းအောင်နေသည်။ဂျွန်ထယ်ကူး မှာကင်မ်မင်းသားကိုသတိရလွမ်းဆွတ်တိုင်း Kim နေပြည်တော်နှင့်နီးစပ်သော Jeon ပြည်နယ်နှင့်များစွာဝေးကွာသော နတ်တောင်ပေါ်သို့တက်ကာ ကင်မ်မင်းသားစံစားရာ "ချယ်ရီနန်းဆောင်" သို့သွားကာအလွမ်းတို့ကို ဖွင့်ချတတ်သည်။ဂျွန်ထယ်ကူးသည် ဘယ်လိုပင်ကင်မ်မင်းသားအားလွမ်းသည်ဖြစ်စေ Jeon နိုင်ငံတော်အတွင်းလုံးဝတကြိမ်တခါမှမျက်ရည်မကျပေ။ဂျွန်ထယ်ကူး ကကင်မ်မင်းသား မျက်ရည်များနှင့်ပြည့်နေသော Jeon နန်းတော်ကြီးကို နာကျဉ်းချက်များစွာရှိလျက်ပင်။သူ၏ဘုရင်ဖြစ်သည့်နေ့တွင်ပင် ချွဲပြည်နယ် တခုလုံးကိုသူကိုယ်တိုင်သတ်စေခဲ့သလို တခြားမျိုးနွယ်စုမှ မိန်းမချောများကိုလည်းသူကိုယ်တိုင်သတ်ပစ်သည်။သူ၏လုပ်ရပ်ကိုမည်သူမျှမတားကြပေ။သို့သော် ထိုအချိန်မှစ၍ ဂျွန်ထယ်ကူးသည် မိန်းမများကိုလွန်စွာမုန်းတီးလေတော့သည်။
ဂျွန်ဂျောင်ဂု မှာ သားတော်ဂျွန်ထယ်ကူးအားဘုရင်အရိုက်အရာလွှဲပေးပြီး ကင်မ်နန်းဆောင်သို့ပြောင်းကာနေခဲ့သည်။ကင်မ်မင်းသား၏အငွေ့အသက်တွေပြည့်နေသော ဤအဆောင်တော်ကိုသူအတော်လေးနှစ်ခြိုက်မိသလို ကင်မ် အသက်ရှိစဉ်အခါက သူ၏လူမဆန်သောလုပ်ရပ်များကို တမြေ့မြေ့ခံစားကာ အရက်နှင့်သာအချိန်တွေကိုကျော်ဖြတ်ခဲ့သည်။ဂျွန်ဂျောင်ဂု ဟာကင်မ်နတ်ရွာစံပြီးသည့်နေ့မှစ၍ ကင်မ်ပန်းချီခန်းတွင် ကင်မ်ပုံတူများကိုနေ့မအိပ်ညမအိပ်ထိုင်ဆွဲနေတတ်သည်။သားတော်ဂျွန်ထယ်ကူးကလည်း ဂျွန်ဂျောင်ဂုအားစကားတခွန်းတောင်မပြောသလို မျက်နှာချင်းမဆိုင်ချင်ပုံပင်။ဂျွန်ဂျောင်ဂုလည်း နားလည်သည်မို့ ဂျွန်ထယ်ကူးအနေရမခက်စေရန် သူကပဲ ကင်မ်အဆောင်တော်အတွင်းမှာသာနေပေးခဲ့သည်။သူ၏စိတ်အစုံကို ကင်မ် ၏အရိပ်လေးတွေကလွှမ်းမိုးထားသလို တခါတခါ တယောက်တည်းဝမ်းသာအားရစကားပြောနေတတ်သလို တခါတခါ တယောက်တည်းငိုနေတတ်သေးသည်။တခါတခါ လူတယောက်ကိုဒေါသတကြီးသတ်နေဟန်။တခါတခါ သူ့ကိုယ်သူအနာတရဖြစ်အောင်လုပ်တတ်တည်။ဂျွန်ဂျောင်ဂု က ကင်မ် မင်းသားနောက်လိုက်ရန်အကြိမ်ကြိမ်သတ်သေဖို့ကြိုးစားခဲ့သော်လည်း ဂျွန်ထယ်ကူးမှသိသွားကာ ဂျွန်ဂျောင်ဂု အား "ဖေဖေကင်မ်ကခင်ဗျားကိုဘယ်လောက်ချစ်တာသိလဲဟမ်၊ခင်ဗျားကြီးသေသွားရင်ကျုပ်အပြစ်လို့ဖေဖေကင်မ်ကအပြစ်ဆိုလိမ့်မယ်။ခင်ဗျားသေတာအရေးမကြီးဘူးကျုပ်ဖေဖေကျုပ်ကို စိတ်ဆိုးသွားမှာကျုပ်ကသေမလောက်ကြောက်တယ်ဗျ"လို့ဂျွန်ထယ်ကူး ကပြောမှ ဂျွန်ဂျောင်ဂုသတ်မသေတော့ခြင်းဖြစ်သည်။ဂျွန်ထယ်ကူး ဟာ ဂျွန်ဂျောင်ဂုကိုမုန်းသော်လည်း အဖေနှင့်သားသံယောဇဉ်မဟုတ်လား။ဂျွန်ထယ်ကူး ကမုန်းတယ်တော့မမည်ပေ။
ВЫ ЧИТАЕТЕ
Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}
Фанфик*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့ ... အချစ်/အမုန်း/သဝန်တိုမှုကအစ မရှိ အောင်စတေးလိုက်တာ မို့တောင်းပန်ပါတယ် "ဂျွန်" ~ကူးမိုစ်~ 📌KookV📌