¹

1.8K 106 51
                                    

ပုံပြင်မစခင် vote and follow ပေးဖိုမမေ့ကြပါနဲ့ရှင့်။
Based on true story ဖြစ်တာကြောင့် ပိုစိတ်ဝင်စားအောင်ရေးသားထားပါတယ်~♡
ကြိုက်နှစ်သက်မယ်လိုမျှော်လင့်မိပါတယ်ရှင့်<3
{\__/}
( • . •)
/ > ♡

LITTLE THINGS BETWEEN US ♡

Sunghoon x oc (reader) √

^•^•^•^•^•^•^•^•^•^•^


At school

အတန်းတင်စာမေးပွဲနီးလာတာကြောင့် အယောက်60 ကျော်ရှိတဲ့အခန်းလေးထဲမှ runa(ရူနာ) တစ်ယောက်ထည်း ရောက်နေခဲ့တယ်။ ကျောင်းရဲ့ထုံးစံတိုင်း စာမေးပွဲနီးရင် အိမ်မှစာလုပ်မည်ဟုဆိုကာ မည်သူမျှကျောင်းမတက်ကျ။ ကံဆိုးချင်တော့ ရူနာတစ်ယောက် သူ့သူငယ်ချင်းနှင့် တက်မယ်လို့ ချိန်းထားခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူက အရိပ်ရောင်တောင် မပေါ်လာခဲ့။ ထိုအခန်းထဲတွင် သူမ အပါအဝင် လူ4ယောက်မျှသာ တက်ခဲ့ကြတယ်။ ရူနာတစ်ယောက် ‘သေချင်းဆိုးမ နင်လာရင်တွေ့မယ်ဆိုပြီး ’ သူ့သူငယ်ချင်းအပေါ် မကျေမနပ် ဖြစ်လို့ဖြစ် ၊ ဆရာမက လူနည်းပေမယ့် စာဆက်သင်လို စိတ်ညစ်လို့ ဖြစ်လို့ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူကျောင်းတက်ခဲ့တာ မမှားဘူး ဆိုတာကို သူမ ယုံကြည့်မိတဲ့ အကြောင်းပြချက်လေး တစ်ခုရှိခဲ့တယ်။ အကြောင်းရာလေးက ကံပါရင် ဆုံကိုဆုံရတယ်ဆိုသလို လူနည်းတာကြောင့် ဘေးအခန်းနဲ့အတူ အခန်းပေါင်းလိုက်တယ်။ဘေးခန်းထဲတွင် ကျောင်းသားတစ်ယောက်ထဲသာ ကျောင်းတက်ခဲ့တယ်။

အဲကောင်လေးကို သူမ အစကထည်းက ခနခန ဆိုသလို သတိထားမိခဲ့တယ်။ သူရဲ့ရိုးရှင်းဖြောင့်မတ်ကြည်လင်နေတဲ့ ရုပ်ခံကြောင့်ပဲလား၊ မဟုတ်ရင် ကြယ်ငါးပွင့် hotel တိုက်လို့ ရှည်လျားလွန်းတဲ့ အရပ်ကြောင့်ပဲလားမသိ။ ကြည်လင် ဝင်းလဲ့နေတဲ့ အသားရည် လေး၊ သပ်သပ်ရပ်ရပ် အမြဲဝတ် စား တက်ပြီး တည်ငြိမ်လွန်တဲ့မျက်နှာထားလေး နဲ့ အမြဲ အေးစက် နေတက်ပေမယ့် သူ့သူငယ်ချင်းတွေနဲ့ တွေ့တိုင်း ပုလဲလုံးလေးများစီထားသဖွယ် သွားလေးများ ပေါ်ကာ မျက်လုံးလေး လခြမ်းသဏ္ဌာန် ဖြစ်တဲ့အထိ ရယ်နေတဲ့ ထိုသူ ကြောင့် ဘာရယ်မဟုတ်ပဲ ရူနာ သူကိုမြင်တိုင်း သူမကိုယ်သူမတောင် မသိပဲ ပြုံးမိနေတယ်။ ဘေးချင်းကပ်ရပ် အခန်းကကျောင်းသားဖြစ်တဲ့ ထိုသူနဲ့ မကြာခနဆိုသလို ဆုံဖြစ်ခဲ့သလို အကြည့်ချင်းလည်းဆုံခဲ့ဖူးတယ်။ ဘေးကဖြတ်သွားတိုင်း  သူ့အင်္ကျီမှ သင်းပျံနှံနေတဲ့ ဆပ်ပြာနံ့လေးက ရူနာကို ရူးခါစေလောက်တယ်။ ဘာကြောင့်မှန်းမသိ မကြာခနဆိုသလို ခေါင်းထဲကို အမြဲရောက်ရောက်လာတတ်တဲ့ သူကြောင့် စဥ်းစားရကျပ်နေမိတယ်။‘ဘာလုပ်လုပ်ခနခန သူပဲမြင်ချင်မိတာပါလဲ’

little things between us ♡ [sunghoon enhypen] √Where stories live. Discover now