လွန်ခဲ့တဲ့ ၁နှစ်ခန့်ကဖြစ်သည်။ ပြတင်းမှန်ကို တဒေါက်ဒေါက်လာထိမှန်နေတဲ့ မိုးစက်သံတွေရဲ့အောက်…
တစ်ခန်းလုံးကို ထုံသင်းလွှမ်းခြုံထားပြီဖြစ်တဲ့ လီမွန်တီးရဲ့ရနံ့သင်းသင်းကြား… ပက်လက်ကုလားထိုင်တစ်လုံးမှာထိုင်ရင်း ၀တ္ထုတစ်ပုဒ်ကိုဖတ်ဖို့ ပြင်ဆင်နေတဲ့ ယွန်းဟွာဆီ ဖုန်းကောလ်တစ်ကောလ် ရောက်လာခဲ့သည်။“ ဟယ်လို”
တစ်ဖက်အမျိုးသားရဲ့ စကားသံမှာ အနည်းငယ်ကြမ်းရှ၍ ဩသော်လည်း နားထောင်လို့ကောင်းသည့် အသံမျိုးဖြစ်သည်။
“ ဟယ်လို၊ ဟုတ်ကဲ့ ပြောပါ”
“ ဟွမ်ယွန်းဟွာ-shi ဟုတ်ပါသလား”
“ ဟုတ်ကဲ့ ကျွန်မ ဟွမ်ယွန်းဟွာပါ”
“ အော်! မင်္ဂလာပါ”
ဘာ့ကြောင့်မှန်းရယ်မသိ၊ တစ်ဖက်ကလူရဲ့အသံမှာ ၀မ်းသာသွားဟန်ဖြစ်သည်။
ထို့နောက် ဆက်၍ပြောလာသည်က-"ကျွန်တော်က ကင်မ်.ထယ်.ယောင်းပါ"
“ ဘယ်သူလဲ…. မသိဖူးရှင့်”
“အစ်ကိုဆောင်းဒေါ့က ကျွန်တော်နဲ့ ယွန်းဟွာရှီးကို တစ်ချက်တွေ့ပေးဖို့-“
“ အော်! ကျွန်မမှတ်မိပါပြီ”
" ဟုတ်ကဲ့~ အဲ့ဒါ ဒီအပတ်ပိတ်ရက်ဖြစ်ဖြစ် အားလားလို့ အချိန်ညှိချင်လို့ပါ"
ယွန်းဟွာ လက်တစ်ဖက်မှ လီမွန်တီးခွက်နွေးနွေးလေးကို ဖန်စားပွဲပေါ် အသာချလိုက်သည်။ အသက်ကိုတစ်ချက် ၀၀ရှုသွင်းပြီးနောက်-
“ ဟို… ပြောရတာ အားနာပေမဲ့ ကျွန်မကလေ အခုတလော ကြင်ဖက်တွေ့ဖို့ စိတ်ကူးမရှိသေးလို့ပါ၊ ခဲအိုက ခနခန ကြင်ဖက်တွေ့ဖို့ တိုက်တွန်းပါများလွန်းလို့ ပြီးပြီးရော အင်းဆိုပြီး လက်ခံခဲ့တာပါ”
တစ်ဖက်မှ အသက်ရှုသံငွေ့ငွေ့လေးပင် မကြားရအောင်တိတ်ဆိတ်သွားသည်။ ယွန်းဟွာ စိတ်ထဲထင့်ကနဲပဲ။ ရိုင်းများရိုင်းသွားလေသလား။
ဟာယွန်းဟာ ဘုကလန့်ကျတယ်။ ပြီးတော့ ပေါ့ပျက်ပျက်နိုင်တယ်၊ တစ်ဖက်သားကို အလေးမထားတတ်ဖူးဟု မိသားစုအသိုင်းအဝိုင်းများက ဝိုင်းသမုတ်တတ်ကြသည်။ ဒါပေမဲ့ ဒီလောက်ဆိုးပေနေတဲ့ personalityတွေနဲ့သူမဟာ မူကြိုဆရာမတစ်ယောက်ဖြစ်လာခဲ့ချိန်မှာတော့ အကုန်လုံးမျက်လုံးမျက်စံပြူးခဲ့ကြသည်။
YOU ARE READING
A Cup Of Lemon Tea (Completed)
Fanfictionဘယ်ကနေဘယ်လို စပြီးမှားယွင်းကုန်တာမှန်း ကျွန်မမသိဖူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ မကောင်းမှန်းသိရက်နဲ့ စွတ်တိုးနေမိတဲ့ ကျွန်မက အတော်လေးကို မိုက်ရူးရဲဆန်ခဲ့မိသည်။ (I don't own the original art design.)