♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
တစ်နေ့ခင်းလုံးအိပ်ပျော်နေခဲ့သည်မှာညအချိန်ရောက်မှပဲနိုးလာခဲ့တော့သည်။
"ကိုကို" မွေ့ရာအထက်လှဲနေရင်းခေါ်လိုက်သည်။
နှင်းဖူးအသံကိုကြားသည့်ထင်။
ကိုကိုတစ်ယောက်ရေချိုးခန်းထဲမှထွက်လာ၏။ရေချိုးခန်းနှစ်ခုပါရှိပြီးတစ်ခုမှာအခန်းအတွင်း၌၊ကျန်တစ်ခုမှာအပြင်ဘက်တွင်အမိုးမဲ့သစ်သားလုံးများဖြင့်ကာရန်ကာထားရှိသောbathtubဖြစ်သည်။
"ဘာလုပ်နေတာလဲ" နှုတ်ခမ်းစူကာပြောလိုက်၏။
အိပ်ရာနိုးလာရင်ကို့ကို့မျက်နှာကိုချက်ချင်းတွေ့လိုက်ရမှ။အထူးသဖြင့်။သွေးသားနှီးနှောပြီးချိန်တွင်။မဟုတ်ရင်နှင်းဖူးစိတ်ထဲအလိုမကျဖြစ်နေတတ်သည်။
"မုတ်ဆိတ်ရိတ်နေတာ" ခုတင်ပေါ်သို့တက်ထိုင်ကာနှင်းဖူးမျက်နှာလေးကိုနူးညံ့စွာထိကိုင်ရင်းကိုကိုပြောသည်။
"မနေ့တုန်းကရိတ်ပြီးပြီမလား" စင်ကာပူရှိpenthouse၌ကိုကိုမုတ်ဆိတ်ရိတ်နေသည်ကိုမြင်ခဲ့သောကြောင့်။
"ရိတ်ပြီးပြီ . . . ဒါပင်မဲ့ထပ်ရိတ်တာ . . . မှုတ်ပေးတဲ့အချိန်ဖူးရှမှာစိုးလို့"
ညစ်ကျယ်ကျယ်ပြုံးကာပြောနေသောကို့ကို့ကိုနှင်းဖူးအောက်နှုတ်ခမ်းလေးဖိကိုက်ကာပြုံးလိုက်ပြီးရင်ဘတ်ကိုလှမ်းထုလိုက်သည်။
"မဟုတ်ဘူးလား" မွေ့ရာအထက်အိပ်နေသောနှင်းဖူး၏လည်ပင်းနားအတင်းတိုးဝှေ့ကာကိုကိုမေးသည်။
လည်တိုင်လေးကိုဖွဖွကိုက်ကာကျီစယ်နေသောကို့ကို့ကြောင့်ကလေးလေးတစ်ယောက်လိုရယ်မောမိ၏။
"ထ . . . ရေချိုးမယ်" ကိုကိုသည်လှဲအိပ်နေသောကိုယ်လုံးတီးလေးနှင်းဖူးကိုစောင်အောက်မှဆွဲထုတ်ကာခုတင်ပေါ်၌ထိုင်စေလေသည်။
"ဘယ်နှစ်နာရီထိုးပြီလဲ" အပြင်၌မှောင်နေပြီဖြစ်သောကြောင့်။
"(၈)နာရီ(၁၁)မိနစ်" လက်ကောက်ဝတ်အထက်ပတ်ထားသောFranck Mullerနာရီကိုကြည့်ကာနေသောလွင်ပြန်ဖြေလိုက်သည်။
ESTÁS LEYENDO
《 ALYA 》
Romance•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "ကိုကိုကဖူးအပိုင်ဆိုတာလူတိုင်းသိတယ်" ∝ နှင်းဖူးတစ်ယောက်သူမကိုအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့နေသောလွင်ကိုအသက်(၉)နှစ်အရွယ်တွင်တစ်ဖက်သတ်စတင်ကြိုက်နှစ်သက်ခဲ့လေသည်။ထိုလျှို့ဝှက်ချက်ကိုနှင်းဖူးမှအပမည်သူမျှမသိ။ အချိန်...