"မင်းသားနှစ်ပါး ကျူးလွန်လိုက်တဲ့ ကိစ္စကို ကောင်းကင်က အမျက်ထွက်နေမှာ သေချာတယ်!''
"ဟုတ်တယ်!...ညီအစ်ကိုတွေ ဖြစ်ပြီး ဒီလိုလုပ်ရပ်တွေကို လုပ်လိုက်တာကို ကောင်းကင်က အမျက်ထွက်ပြီး ကျုပ်တို့ တိုင်းပြည်ကို သေချာပေါက် ဒဏ်ခတ် တော့မှာ''
"ခုကိစ္စက အိမ်ရှေ့စံဘက်က အရင်စပြီး မင်းသားဝမ်ရိပေါ် နန်းဆောင်စီ သွားအိပ်တာဆို''
"ယောကျ်ားတစ်ယောက်နဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ လူကို အိမ်ရှေ့စံလို့ ခေါ်ထိုက်လို့လား''
"ခုဆို ကျုပ်တို့ တိုင်းပြည်ကို မိုးနတ်မင်းက ဒဏ်မခတ်သေးရင်တောင် အခြားတိုင်းပြည်တွေက ရှုတ်ချ ကြတော့မှာ''
"အံ့ပါရဲ့ဗျာ..ရှားရှားပါးပါး ဒီတိုင်းပြည်မှာ မင်းသားလေး နှစ်ပါးရှိတယ် ၊ အဲ့တာကို သူတို့က ဒီလိုကိစ္စတွေကို လုပ်တယ်ဆိုတော့.. တိုင်းပြည်ရဲ့ အနာဂတ်က မတွေးရဲစရာပဲ ''
"မင်းသားဝမ်ရိပေါ်ဘက်က စပြီး ဒီကိစ္စကို ကျူးလွန်တာကော မဖြစ်နိုင်ဘူးလား''
"မဖြစ်နိုင်ဘူး၊ ကျုပ်တူမက မင်းကြီးရဲ့ နန်းဆောင်က နန်းတွင်းသူ၊ သူမက မင်းကြီးနောက် လိုက်သွားရင်း အိမ်ရှေ့စံက မင်းသားဝမ်ရိပေါ်ရဲ့ ကုတင်မှာ အတွင်းဝတ်ရုံ တစ်ခုထဲနဲ့စောင့် နေတာလို့ မင်းသား ဝမ်ရိပေါ်ကပြောခဲ့တာတဲ့၊ ကျုပ်တူမက ကျုပ်ကို လိမ်မှာမဟုတ်ဘူး..၊ သေချာတယ် ဒီကိစ္စကိုအိမ်ရှေ့စံ ဘက်က အရင်စတယ်ဆိုတာ''
"ဖြစ်နိုင်ပါ့မလားဗျာ....အိမ်ရှေ့စံဆိုတာက မျိုးရိုးကောင်းကနေ ဆင်းသက်လာတာ..မင်းသား ဝမ်ရိပေါ်ကသာ အရပ်သူကနေ မွေးဖွားလာတာ.. တကယ်လို့ လိမ်ချင်းလိမ် မင်းသား ဝမ်ရိပေါ်က သာ လိမ်မှာ''
"အာ... မင်းသားဝမ်ရိပေါ် အကြောင်း ခင်ဗျား ဘာသိလဲ.. မင်းသားက ဘယ်တုန်းကမှ လိမ်မပြောဖူးဘူး ၊ သူစစ်ဆေးရေး ခုံရုံးကို တာဝန်ယူနေတုန်းကဆို မျိုးရိုးမြင့်တွေရဲ့ မတရားမှုတွေကို ဖော်ထုတ်ပြီး ဇာတ်နိမ့်တွေကို ကာကွယ်ပေးခဲ့တာ၊ အဲ့လို တရားမျှတတဲ့သူမျိုးက လိမ်ပြောမှာ မဟုတ်ဘူး!''