အပိုင်း ၃

623 97 0
                                    


Unicode

ညအချိန် ယွဲ့လျန်နန်းဆောင်၌ ကုန်းကုန်းတစ်ယောက်သည် ဘုရင်မင်းမြတ်သည် အနည်းငယ်နောက်ကျ
မည်ဖြစ်ကြောင်းလာရောင်အကြောင်းကြားသည်။

ထိုစကားသည် 'ညစာစားထားနှင့်တော့' ဟူသည်နှင့်
အဓိပ္ပါယ်တူညီသဖြင့် ကွေ့ကျောက်ဟွား ကိုယ့်ဟာကို
စားနှင့်လိုက်သည်။ ဘုရင်မင်းမြတ်၏
အလေးပေးခံရကတည်းက သူစားရသည့် ဟင်းများသည် အသားဟင်းများသာတည်း။

စားသောက်ပြီး ဘုရင်မင်းမြတ်ကြွချီလာမည့်အချိန်ကို စောင့်နေလိုက်သည်။

" သခင်လေး "

" အင်း ဘာဖြစ်လို့လဲ "

ဟုန်စဲ့သည် အနားကပ်၍ တီးတိုးပြောသည့် စကား
ကြောင့် ကွေ့ကျောက်ဟွား မျက်လုံးများပင့်တက်သွားသည်။

" ငါ့ကိုအဝတ်အစားပြင်ပေး အရမ်းထင်းမနေစေနဲ့"

ကွေ့ကျောက်ဟွား ပန်းပွင့်ပန်းခက်မှိန်မှိန်များ ပုံဖော်ထားသည့် ဝတ်စုံကိုဝတ်လိုက်ပြီး အရှင်မင်းကြီး
ချီးမြှင့်ထားသည် ပုလဲတစ်လုံးထဲပါသည့် ဆံထိုးကို
ထိုး၍ ထွက်လာခဲ့သည်။

အလှဆင်ထားသည့်ဥယျာဥ်တစ်ခုနားတွင်
ကိုယ်လုပ်တော်အုပ်စုသည် စုရုံးနေသည်။
ကွေ့ကျောက်ဟွား သိချင်သွားသည်။

ဘယ်သူကဘယ်သူကိုဆင်တဲ့ထောင်ချောက်များလဲ။

ကွေ့ကျောက်ဟွား အနားရောက်သွားရင် အခြား
အဆင့် ၇ အဆင့် ၈ ကိုယ်လုပ်တော်ငယ်လေးများ
ကွေ့ရန်နှင့် မိန်ရန်အဆင့်မှ ကိုယ်လုပ်တော်များ
သည် တရိုတသေ အရိုအသေပေးကြသည်။

အဆင့်တူ ကျဲယွီများပင် ပြုံးရယ်ပြီး နှုတ်ဆက်ကြ
သည်။ ဒါပေါ့ သူတို့ရဲ့ စိတ်ထဲမှာ ကွေ့ကျောက်ဟွား
အား အပိုင်းပိုင်းပင် ခုတ်ထစ်ချင်နေလောက်သည်။

အရှေ့တွင် စုန့်တဲ့ဖေး နှင့် ယဲ့ရှူဖေး သည်ပင်
ရောက်နေလေသည်။

ထိုအချိန်တွင်မင်းကြီးရောက်လာကြောင်းကြားရင်ကွေ့ကျောက်ဟွားအပါအားလုံးသည်ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

The Hided Love In Imperial Harem [ Rebirth ] Kde žijí příběhy. Začni objevovat