အပိုင်း ၄

609 92 2
                                    


Unicode

ကွေ့အမတ်အိမ်တော်တွင် ကွေ့အမတ်သည်
နဝေတိမ်တောင်ဖြစ်စွာဖြင့် သူ့သားပို့လိုက်သည့်
စာကိုထုတ်ဖတ်လိုက်ပြီး စာကိုဆုံးထိဖတ်ပြီနောက်တွင် မျက်မှောင်ကြုတ်သွားသည်။

စာတွင် သူနန်းတွင်းရောက်ထဲကအဆင်ပြေကြောင်း၊
အရှင်မင်းကချစ်မြတ်နိုးတော်မူကြောင်း ကိုသာ
ပြည့်ပြည့်စုံစုံရေးထားပြီး တတိယအစ်ကို,ကို
အရှင်မင်းကြီးက မေးသေးသည် ဟု အရိပ်အမွက်သာရေးထားသည်။

သို့ပေမယ့် အမတ်ဖြစ်သည့်မြေခွေးအိုးကြီး ကမူ
အဓိပ္ပါယ်ကိုသေချာကောက်ချက်ချမိသည်။

သူ့သား နန်းတွင်းထဲတွင် အလေးပေးခံနေရကြောင်း ကြားရင် တစ်ခြားအမတ်များပင် သူ့ကို ပြုံးရယ်၍
နှုတ်ဆက်ကြရာ သူ့မျက်နှာရနေကြောင်းသိလိုက်သည်။ ထို့သားသာ ပျက်စီးသွားရင်ကိုတွေးမိလျှင်
အနီးနားက အစေခံကိုခေါ်ပြီး

" မင်းတို့ရဲ့ တတိယသခင်လေးကိုခေါ်လာခဲ့စမ်း "

\\\\\\\\

ကွေ့ကျောက်ဟွား သူ့ဖခင်ကိုင်တွယ်လိုက်ပြီကို
သိလျှင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သူ့နာမည်သုံးပြီး ရမ်းကားနေသည့် တတိယအစ်ကို ကို အရှင်မင်းကြီး စိတ်ကွက်သွားရင် အရင်ဘဝကနဲ့
တူညီနဲ့ လမ်းကိုထပ်လျှောက်သွားရနိုင်သည်။

သက်ပြင်းချပြီး လက်ထဲကစုတ်တံကိုချပြီး အနားယူမည်ဟုတွေးပြီး ထလိုက်ချိန်တွင် တစ်စုံတစ်ရာသည်
ဦးနှောက်တွင်းဝင်လာသည်။

" ဟုန်ကျူး မနေ့က ပထမအစ်ကို,ကိုပေးခိုင်းလိုက်တဲ့စာကို ပေးလိုက်ပြီလား "

" သခင်လေး အဲ့စာကို "

ဟုန်ကျူး၏ စကားမဆုံးခင် ဟုန်စဲ့သည် အမြန် သူ့ရှေ့တွင် ဒူးထောက်လာပြီး ပြောလေသည်။

" သခင်လေး ဒီအစေခံကအဲ့စာကို ကွေ့သခင်မ
လက်ထဲထည့်ခိုင်းလိုက်ပါတယ် "

ကွေ့ကျောက်ဟွား မျက်ခုံးပင့်သွားရင် ဟုန်စဲ့က
တည်ငြိမ်စွာဖြေကြားလာသည်။

" သခင်လေး ဒီနန်းတွင်းတစ်ခုလုံးမှာ အရှင်မင်းကြီးရဲ့ လူတွေ၊ ဖေးမိဖုရား ၂ပါးရဲ့ လူတွေအများကြီးပါ စာပို့တာကို သိသွားရင်တောင် မိခင်ဖြစ်သူကိုစာပို့တာက ပြဿနာနည်းပါတယ် "

The Hided Love In Imperial Harem [ Rebirth ] Место, где живут истории. Откройте их для себя