Unicode
မိုဟန်လုနဲ့မိုလောင်ထရန်းကိုအမိဖမ်းပြီးအင်တာဗျူးဖို့ မိုအင်ပါယာအဆောက်အဦးရှေ့မှာစောင့်နေတဲ့ ပါပါရာဇီတွေကိုရှောင်ကွင်းပြီးနောက် လောင်ထရန်းကအိမ်ကိုပြန်ရောက်လာတယ်။
"လောင်ထရန်း!!။ဘာလိုလုပ်ပြန်လာတာလဲ?!။" အံ့ဩသွားပြီး ဒန်နီရယ်က အယ်လ်ဖာမမြင်စေရန် သူ့ရဲ့ပန်းချီဆေးစပ်တဲ့ ခွက်အပြားလေးကို နောက်ကျောမှာဖွက်လိုက်တယ်။ဒါပေမဲ့ သူ့ရှေ့မှာ ဆွဲလက်စပန်းချီကားချပ်ကြီးက ထင်ထင်ရှားရှားကြီးရှိနေတာကိုတော့ မေ့နေခဲ့တယ်။ဒေးဗစ်စီစဉ်ပေးထားတဲ့ နာနီအသစ်ကလွမ်မင်လေးကိုထိန်းပေးနေတော့ ဒန်နီရယ်ပျင်းရိနေပြီး အိမ်ရဲ့ဥယျာဉ်ပုံလေးကိုဆွဲကြည့်နေတာ။
လောင်ထရန်းက အစောကြီးအိမ်ပြန်ရောက်လာပြီး သူက သူခိုးလူမိဖြစ်လိမ့်မယ်လို့မထင်ထားဘူး။
ပန်းချီဆွဲခြင်းက ဒန်နီရယ်ရဲ့ဝါသနာဖြစ်တယ်။ဒါပေမဲ့ အခုသူကကိုယ်ဝန်နဲ့ဆိုတော့ လောင်ထရန်းက သူ့ကိုပန်းချီဆွဲခွင့်ပိတ်ထားဦးမှာပဲ။စိတ်ချရတဲ့ပစ္စည်းမျိုးပဲသုံးပေမဲ့ အယ်လ်ဖာက ကိုယ်ဝန်နဲ့ဆိုတော့ ပန်းချီဆေးတွေ မကိုင်စေချင်ဘူး။ဒါပေမဲ့ လွမ်မင်လေးကို ကိုယ်ဝန်ရှိနေတုန်းကလည်း အယ်လ်ဖာမသိအောင်ခိုးဆွဲပြီး ဒေးဗစ်ကလည်းသူ့ရဲ့ကြံရာပါ။ဒါပေမဲ့ တစ်နေ့နေ့ကျရင် ဗူးပေါ်သလိုပေါ်သွားလိမ့်မယ်လို့တော့ မထင်ခဲ့ရိုးအမှန်ပါ။
"......." ဘာမှမပြောဘဲ လောင်ထရန်းက ဒန်နီရယ့်ဆီ တန်းတန်းမတ်မတ်လျှောက်လာပြီး ပန်းချီကားချပ်ရဲ့အဝေးရောက်အောင် ဒန်နီရယ့်ကိုပွေ့ချီလိုက်တယ်။
"လောင်ထရန်း...ကျွန်တော်စိတ်ချလုံခြုံတဲ့ပစ္စည်းတွေပဲ သုံးတာပါ။အကိုစိတ်ဆိုးသွားလား?။ကျွန်တော်တောင်းပန်ပါတယ်နော်။" လောင်ထရန်းက တိတ်တဆိတ်နဲ့ဒန်နီရယ့်ကိုပွေ့ချီထားကာ သူတို့အခန်းဆီတက်သွားပြီး ကုတင်ပေါ်မှာချလိုက်တယ်။
"ကိုယ်စိတ်မဆိုးပါဘူး..ဒါပေမဲ့ ထပ်မလုပ်နဲ့တော့။" လောင်ထရန်းကပြောလိုက်တယ်။လောင်ထရန်း တကယ်စိတ်ဆိုးလား..မဆိုးဘူးလားဆိုတာအဓိပ္ပာယ်ဖော်လို့မရဘူး။နက်တိုင်ကိုဖြေလျော့ကာ အယ်လ်ဖာက ကုတင်ပေါ်ကိုဒူးထောက်လျက် တရွေ့ရွေ့တက်လာပြီး ဒန်နီရယ့်ကိုယ်ပေါ်အုပ်မိုးလာတယ်။လောင်ထရန်းရဲ့ဖိနပ် ကြမ်းပြင်ပေါ်ကျွတ်ကျသံကို ကြားလိုက်ရပြီးနောက် ကုတင်ပေါ်မှာ..ဒန်နီရယ်ကအောက်မှာ..လောင်ထရန်းကအပေါ်ကနေ သူ့ကိုအုပ်မိုးထားတယ်။
ESTÁS LEYENDO
ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]
AcciónAll credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်း...