Part-1

5K 60 0
                                    

(Uni)

'မင်းတော်တော့နော် စု
မင်းစကားတွေက တော်တော်လွန်နေပြီ'

ချစ်လှစွာသောဇနီးအား လက်ညှိုးငေါက်ငေါက်ထိုးကာ
နားထင်ကြောများပင် ထောင်တတ်နေသည်အထိ
အမူအရာယိုယွင်းနေသော ဉီးအောင်မြတ်

တစ်ပြိုင်နက်တွင်,

'ဘာ လွန်တယ်ဟုတ်လား'

အိမ်ထောင်သည်ဘ၀တစ်လျှောက်လုံးမှာ
ရန်ပွဲပေါင်း​အလီလီနွှဲချီလာခဲ့သော်ငြား
ဒေါ်စုကေသီဟာလည်း အားမကုန်သေးသည့်ဟန်နှင့်
လေသံရောမာန်ပါ တပြားသားမှမလျှော့

ထူထဲသေသပ်သောနှုတ်ခမ်းနှစ်လွှာကို
တင်းတင်းစေ့၍ မျက်နှာလှလှအားအချိုးကျကျမဲ့ကာ...

'အဟင်း လွန်တာပေါ့ အမှန်တွေပြောတော့
လွန်တာပေါ့ ကျွန်မပြောတာမှားနေလို့လား
ဒီအိမ်မှာရှင်အိမ်ထောင်ဉီးစီးဆိုတာ လူတိုင်းသိတယ်
အေး အိမ်ထောင့်တာ၀န်ကိုလည်းရှင်မကျေပွန်လို့
ကျွန်မကဉီးဆောင်ပြီးရှာနေရတယ်ဆိုတာလည်း
လူတိုင်းသိတယ်'

တောက်လောင်နေသည့်ဒေါသမီးလျှံတို့သည်
နွေနေပူပူနှင့်အပြိုင် မာန်ဟုန်ပြင်းပြင်း
ခရီးနှင်နေကြသည်

'ဘာ မင်း!!
တောက် ...ဒီမိန်းမကွာ'

တစ်ဖက်အိမ်ထဲက ခပ်ဆက်ဆက်အော်သံတွေကြောင့်
ခြံနှစ်ခြံ နယ်ခြားခြံစည်းရိုး ထောင့်မှာ ပန်းပင်ညှပ်နေတဲ့
နွယ်တစ်ယောက် ဘယ်နှကြိမ်မြောက်မှန်းမသိသော
သက်မမောကို ချမိသည်

'စုနဲ့ကိုအောင်မြတ်တို့ စကားများကြပြန်ပြီထင်တယ်'

မှန်၏။
ဤအခြေအနေအရပ်ရပ်ကိုခြုံငုံသုံးသပ်ပါလျှင်
မကြာမကြာဖြစ်တတ်သော တစ်ဖက်အိမ်၏
အိမ်ထောင်ရေးပြဿနာရန်ပွဲသာ ဖြစ်နိုင်ဖွယ်ရှိသည်

ထိုမိသားစုနဲ့အတူ အနီးပတ်၀န်းကျင်တွင်
အချိန်တစ်ခုထိ အိမ်နီးချင်းတွေအဖြစ် ရင်းနှီးစွာနေခဲ့တာကြောင့်
သူ့အိမ် ကိုယ့်အိမ်လိုလည်းဖြစ်နေပြန်တော့
ကိုအောင်မြတ်နှင့်စုတို့ အိမ်ထောင်ရေး အဆင်မပြေကြသည်ကိုနွယ်တို့လည်း ထိုက်သင့်သလောက်တော့သိထားကြသည်

ဤချစ်ခြင်း၏ အဆုံးမှသည် [ Under Editing ]Where stories live. Discover now