🧸Episode_27🧸

3.6K 227 0
                                    

တဖြည်းဖြည်းတိုးကပ်လာသော ဂျွန်မျက်နှာရှင်းရှင်း။ကင်မ်နှုတ်ခမ်းသားကို ဂျွန်ခေါင်းကနိမ့်ဆင်းလာသည်။ကင်မ်နှုတ်ခမ်းနားရောက်တော့ ဂျွန်ကခေါင်းလေးအသာစောင်းကာ ကင်နှုတ်ခမ်းနှင့်သူ၏နှုတ်ခမ်းသားနှစ်လွှာ။ထိစပ်တော့မှာမို့ ကင်မျက်လုံးလေးမှိတ်မိတော့...

~Internal Love Of Kim~

"အား ကျွတ်ကျွတ်ကျွတ်"

ကင်မ်ချယ်ရီပင်ကြီးကိုကြည့်နေရင်းခေါင်းကတအားထိုးကိုက်လာသည်။ချာချာလည်မူးနေသလို အရင်ကပုံရိပ်တွေကို နားထဲကပါအသံတွေထပ်ခါထပ်ခါပြန်ကြားယောင်နေရသည်။

ထို့နောက် ကင်မ်မျက်လုံးတွေကမှောင်မိုက်ခြင်းဆီသို့.....

"ဟင်"

"ကင်မ်နိုးပြီလား"

"သားထယ်ကူး"

ကင်မ်က ဂျွန်ကိုကျော်ကာထယ်ကူးကိုပြေးဖက်သည်။ခုနကကင်မ်မူးလဲသွားလို့ဂျွန်လည်းမချီကာသမားတော်နှင့်ပြခဲ့ရသည်။ခဏနေသတိရမယ်ဆို၍ ဂျွန်နဲ့ထယ်ကူးကင်မ်ဘေးနားမှာတချိန်လုံးနေပေးခဲ့ကြခြင်းပင်။

"ဖေဖေ့သားဖေဖေ့သားလေး"

"ဟင်ဖေဖေပြန်မှတ်မိပြီလား"

"အွန်းသားလေးဖေဖေအကုန်သိပြီ"

ဂျွန်ကိုကြည့်တော့ မျက်နှာမကောင်းပေ။ကင်မ်မှတ်မိသမျှထဲမှ ဂျွန်နဲ့ပါတ်သတ်တဲ့ပုံရိပ်တွေမပါတာမို့ ကင်မ်မစဉ်းစားတတ်ပေ။

ဒါဆို ကင်မ်ဆုတောင်းတဲ့အထဲမှာ "ဂျွန်နဲ့ပါတ်သတ်တာတွေမမှတ်မိတော့ဖို့"ဆုတောင်းခဲ့ပုံရသည်။ဂျွန်ကကင်မ်အပေါ်ဘာတွေလုပ်ခဲ့လို့ ကင်မ်အာ့လို့ဆုတောင်းခဲ့လဲမသိပေမယ့် ကင်မ်အခုဂျွန်အချစ်တွေကိုမြင်နေရတာမို့ ကင်မ်ကျေနပ်သည်။

"ဂျွန်"

"ကင်မ်"

"ဂျွန်နဲ့ပါတ်သတ်တာတွေမမှတ်မိလို့တောင်းပန်ပါတယ်"

ကင်မ်ကမျက်နှာငယ်စွာဆိုသည်။ဂျွန်အတွက်တော့ကင်မ်အခုလိုဂျွန်နဲ့ပါတ်သတ်တာတွေမမှတ်မိလို့ကျေးဇူးတင်မိသည်။ကင်မ်သာအရင်ကအကြောင်းတွေမှတ်မိခင်ရင် ကင်မ်ကိုဂျွန်ကလိပ်ပြာလုံမှာမဟုတ်လို့ပါကင်မ်ရယ်။

Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Hikayelerin yaşadığı yer. Şimdi keşfedin