ရှောင်ကျန့် သူ့ဘေးက အိပ်စက်နေတဲ့ ကလေးငယ်လေးရဲ့ မျက်နှာလေးကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။ အခုဆို ကလေးငယ် သူ့ဘေးနားပြန်ရောက်လာခဲ့ဝာာ တနှစ်ပင် ပြည့်တော့မည်။
အချိန်တွေ ဘယ်လောက်ကုန်ဆုံး သွားခဲ့ပါစေ သူအခုထိ ဒီကလေးငယ် ကို အလွမ်းမပြေသေးဘူးလို့ ခံစားနေရတုန်း၊ ကလေးငယ်လေးက သူ့ဘေးနား မှာအတူ ရှိနေတယ်ဆိုတာ အခုထိ အိမ်မက်တခုလိုဘဲ ခံစားနေရတုန်း။တီး တီး တီး~
ရှောင်ကျန့် ကလေးငယ်ရဲ့ မျက်နှာကို ငေးကြည့်နေတုန်း အလိုက်မသိစွာ ထအော်မြည်လာတဲ့ Alarmကြောင့် ရှောင်ကျန့် အမြန်ထထိုင်လိုက်ပြီး စားပွဲပေါ်က နာရီကို လှမ်းယူကာ ပိတ်လိုက်သည်။
နာရီကို စားပွဲပေါ်ပြန်တင်ပြီးတော့ ကလေးငယ်များနိုးသွားပြီလား ဆိုပြီး စိုးရိမ်စိတ်ကြောင့် ကလေးငယ်ကို အမြန်ပြန်ကြည့်မိတော့ တုပ်တုပ်ပင်မလှုပ်တမ်း အိပ်မောကျနေတုန်းပင်။
"အဟက် အိပ်ပုတ်လေး "
Alarmဆူညံစွာ ထအော်သော်လည်း အိပ်ပုတ်လေးက လှုပ်တောင်လှုပ်မလာသည်မို့ ရှောင်ကျန့် အူယားစွာ ပြောလိုက်မိသည်။
"Morning ကိုကို့ကလေးလေး "
ကလေးငယ် မျက်နှာကိုတဝကြီးကြည့်ပြီးနောက် ကလေးငယ်ရဲ့ နဖူးလေးကို အနမ်းဖွဖွလေးပေးလိုက်ပြီး ကုတင်ပေါ်မှ ထရန်ပြင်လိုက်သည်။
'အ'
သို့ပေမဲ့ မူးဝေသွားတဲ့ ခေါင်းနဲ့အတူ အိပ်ယာဘေးက စားပွဲပေါ် လက်ထောက်ကာ ခနငြိမ်နေလိုက်သည်။
သူအခုလို ဖြစ်ဖြစ်နေတာ အတော်ကြာပြီ။
ကြည့်ရတာ ဒါဟာ ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ဖြစ်တတ်တဲ့ လက္ခဏာဖြစ်မယ်ထင်ပါရဲ့ ။ ဆေးရုံ ပြန် သွားပြဖို့ရည်ရွယ်ထားပေမဲ့ ပစ်ထားတာကြာပြီဖြစ်တဲ့ အလုပ်တွေကတဖက် သူ့ရဲ့ ကလေးငယ်လေးက တဖက်နဲ့မို့ သူ့မှာအားလပ်ချိန်ကို မရှိမို့ မသွားဖြစ်သေး။'တောက်'
ရှောင်ကျန့် စားပွဲပေါ် လက်ထောက်ကာ ခေါင်းငုံ့ထားမိစဉ် စားပွဲခုံပေါ် ခုန်ဆင်းလာတဲ့ သွေးတစက် ကြောင့် ရှောင်ကျန့် နှာခေါင်းကိုစမ်းပြီး လက်ကိုပြန်ကြည့်တော့ ပေကျံလာတဲ့ သွေးတွေ။
VOCÊ ESTÁ LENDO
Born To Love You 💞
Fanficနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...