Unicode
ချစ်ရတဲ့ ကောင်မလေးတွေ ကောင်လေးတွေရေ.....
သက်ဆိုင်သူ "ဦးဝေ" လေးက ၁ နှစ်ကျော်ကြာပြီးတဲ့အချိန်မှာ အဆုံးသတ်သွားခဲ့ပါပြီ
ပထမဆုံးတောင်းပန်ချင်တာက update မမှန်ခဲ့ပေးနိုင်တာကိုတောင်းပန်ပါတယ်
covid ကြောင့်ရော မအလ ကြောင့်ပါ ရပ်နားခဲ့ရတဲ့အချိန်တွေရှိခဲ့ပြီး အလုပ်တစ်ဖက်နဲ့ ပြန်ဖြစ်တဲ့အခါမှာလည်း update ဖို့ တစ်ပိုင်းတစ်ပိုင်း တော်တော်စောင့်ရတယ်ဆိုတာသိပေမယ့် စိတ်ရှည်လက်ရှည် ongiong လိုက်ပေးခဲ့တဲ့သူတွေများတာကြောင့် Vi တကယ်ကိုအင်အားဖြစ်ရပါတယ်
ment တစ်ခုချင်းစီ reply မပြန်နိုင်တော့ပေမယ့် တစ်ခုချင်းစီကိုအလွတ်ရလုနီးပါးပြန်ဖတ်ခဲ့တာကြောင့် တစ်ယောက်ချင်းစီကိုလဲ Vi ကမှတ်မိနေပါပြီ
Vi ရဲ့အားနည်းချက်က အရင်ကတည်းက Final ဆိုအမြဲ ခက်ခဲတတ်ပါတာပါ။ ငယ်ငယ်တည်းက စာစီစာကုံးရေးရင်လည်း နိဒါန်းနဲ့ စာကိုယ်အဆင်ပြေသလောက် နိဂုံးပိုင်းကျ အရမ်းကိုကြန့်ကြာပြီးခက်ခဲနေတတ်ပါတယ်။ ရိုးရိုးသားသား၀န်ခံရရင် Vi က ဒီ final အတွက် ၅ ရက်လောက်အချိန်ယူခဲ့ရတာပါ။ ဒီနေ့မနက်ကတည်းက အကုန်ပြီးနေပေမယ့်အထပ်ထပ်အခါခါ ပြန်ဖတ်နေမိတာ ညနေရောက်မှပဲတင်ဖြစ်ပါတော့တယ်။ စိတ်တိုင်းကျတဲ့ final part လေးဖြစ်စေချင်ပေမယ့် တစ်ခုခု လိုအပ်ခဲ့သည်ရှိသော် Vi လိုအပ်ချက်မို့ ဖြည့်တွေးပေးကြဖို့ Vi က request လေးလုပ်ချင်ပါတယ်။ စာလုံးရေ ၇၀၀၀ ကျော်ကို တမင် ၂ ပိုင်းမခွဲပဲ အများကြီးတင်ပေးထားတာမို့ အဆင်ပြေကြမယ်လို့တော့မျှော်လင့်မိပါရဲ့။
ဦးဝေလင်းရှိန် နဲ့ ဇေသူရိန်တို့ကြားက ချစ်ခြင်းမေတ္တာက Vi ပုံဖော်ပြဖို့ခက်ခဲခဲ့လောက်အောင် နက်ရှိုင်းတာကြောင့် final part က Vi အတွက်စိန်ခေါ်မှုကြီးခဲ့ပါတယ်။မြတ်နိုးရတဲ့ ဇာတ်ကောင်တစ်ယောက်ချင်းကိုဒီနေ့မှာ ခွဲခွါလိုက်ရတာကြောင့် Vi ကိုယ်တိုင်လည်း အသဲကွဲနေပါတယ်။ Vi တို့အများကြီးလွမ်းနေမယ်ဆိုတာကို သိနေလောက်မယ့် ဦးဝေလင်းရှိန်က Vi တို့လွမ်းနေကြောင်း ဇေသူရိန့်ကိုတော့ပြောပြလောက်မယ်ထင်ပါရဲ့။
90°bow
Vi vianZawgyi
90°bow
Vi vian
DU LIEST GERADE
သက်ဆိုင်သူ (Unicode+Zawgyi)
Aktuelle Literaturpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။