╬ - 2

155 12 44
                                    

"သေစမ်း မနက်ကိုးနာရီတောင်ရှိတော့မယ် ပထမဆုံးကျောင်းတက်ရမဲ့နေ့ကတော့ သွားရောပဲ
*အယ် ဒါမဲ့ ငါက ကျောင်းပြောင်းလာတာဆ်ိုတော့ ချက်ချင်း အတန်းမတတ်ရလောက်ဘူးမလား အဲ့တော့ နောက်ကျလဲ ရမှာပါ

ဖုန်းယူကြည့်တော့ Sangie Hyung ဆီက Noti တွေ
Sh*t ညက ပစ္စည်းတွေ ထည့်ရင်း အိပ်ပျော်သွားတာနဲ့ မကြည့်လိုက်ရဘူး
တော်ပြီ ကျောင်းအရင်သွားပြီးမှ အေးဆေးကြည့်တော့မယ်

☆Hybe University_______

လောလောနဲ့ ဖုန်းထဲက နေရမဲ့ အဆောင် သင်ရမဲ့ ဘာသာတွေ လိုက်မှတ်နေတာနဲ့ လမ်းကြည့်မလျှောက်မိတော့ ခလုတ်တိုက်ပြီး လဲပါရော

*လုပ်လိုက်ရင်တော့လေ ပထမဆုံးနေ့မှာ မှောက်ရက်လဲလို့ အရှက်ကွဲတော့မှာပဲ
သို့ပေမဲ့ ထင်ထားသလို ဖြစ်မလာ
မြေပြင်ပေါ်လဲကျသွားရမဲ့အစား လက်တစ်စုံရဲ့ လှမ်းထိန်းပေးထားမှုကြောင့် မြေပြင်နဲ့တော့ မမိတ်ဆက်လိုက်ရဘူး
ဟူးး တော်သေးတယ်

"ကျေးဇူးပါ ကျနော်က သေချာမကြည့်မိလိုက်လို့ပါ "

"ကျောင်းသားအသစ်လား?"

မေးခွန်းကြောင့် ကြည့်လိုက်မိတော့ ရုပ်ရည်က ခပ်ချောချော ကြည့်ကောင်းတဲ့ လူတစ်ယောက်ပဲ
*Wait what ငါ ကြည့်ကောင်းတယ်လို့တွေးလိုက်မိတာလား

"ဗျာ! အော် ဟုတ်ပါတယ် ဒီနေ့မှ ပြောင်းလာတာ"

"First year?"

"ဟင် အင်း-အင်း...အယ် မဟုတ်ဘူး second year Junior"

"ဘာပဲဖြစ်ဖြစ် ကျောင်းသားအသစ်ပဲဟာ ဒါကြောင့်လဲ ချာတိတ်လို ချစ်စရာကောင်းတဲ့သူကို တစ်ခါမှ မတွေ့ဘူးသေးတာပဲ"

"ဒိီလိုပဲ လူတိုင်းကို လိုက် flirt နေကြပဲလား"

"မဟုတ်ပါဘူး ချာတိတ်ကိုပဲ သီးသန့်
အော် ဒါနဲ့ ကိုယ့်နာမည်က Choi YeonJun ချာတိတ်ရဲ့ နာမည်ကကော?"
*WTF!! သူလား ငါစောင့်ကြည့်ရမဲ့သူဆိုတာ တွေ့တော့လဲ ကျောင်းမှာ ပထမဆုံးစတွေ့တဲ့သူက သူဖြစ်နေရောပဲ ဟန်မပျက်နေရမယ်

"Kang TaeHyun ပါ"

"နာမည်ကလှပါတယ် ဒါမဲ့ ကိုယ်ကတော့ ချာတိတ်လို့ပဲခေါ်မယ် သူများနဲ့မတူတော့ဘူး ကိုယ့်ရဲ့ မူပိုင်အခေါ်အဝေါ်ပေါ့"
*အော့ ငါက သူ့ကို သမ္မတသားဆိုတော့ အေးမယ် စာတော်မယ် မာနကြီးမယ် အဲ့လိုထင်တာ လက်စသတ်တော့ အပြောကြွယ်ပြီး ကျောင်းမှာနာမည်ကြီးရေပန်းစား ဝါရင့် Flirt သမားလားပေါ့

I Still Do ¶TaeJun¶Where stories live. Discover now