အပိုင်း ၃ ချိုမြိန်ပြင်းရှသည့်အနမ်းတခု

121 18 0
                                    

ထိုလူငယ်က တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလျက် အနမ်းတွေကို ဆက်တိုက်ခြွေနေတယ်၊ထိုလူငယ်ရဲ့ နှုတ်ခမ်းတွေကအေးစက်သည်။ သိုပေမဲ့လည်း နူးညံ့ပြန်သည်။ ထိုလူငယ်က ယန်ရွှယ်ရဲ့ အောက်နှုတ်ခမ်းလေးကို အသာလေးအရာ‌ေလးကိုက်လိုက်တော့ ယန်ရွှယ်နာကျင်သွားမိသည် ။

တချိန်တည်းမှာပဲဤအနမ်းတွေကချိုမြိန်ပြီး မှေးမောလာရသည်။ ထိုလူငယ်သည် နှုတ်ခမ်းချင်းထိတွေ့လိုပင် အားမရ သူ၏လျာ‌ေလးပါအနည်းငယ်တိုးဝင်‌ေရာက်လာသည်။ယန်ရွှယ်လည်းသူခန္ဓာကိုယ်ကထိန်းချုပ်လို့မရ သူအလိုလို သူ့ပါးစပ်ကပါအနည်းငယ် ဟပေးလိုက်ပြီး ထိုလူငယ်လေးနဲ့အတူ လိုက်ပါစီးမျောမိသည်။ ဤအချိန်မှာပဲ ထိုလူ၏ ကိုယ်ပေါ်က မိုးနံ့သင်းသင်းလေးရသည်။အေးမြသည့်မိုးနံ့လေး၊ စိတ်နုလုံးကိုအေးချမ်းစေတဲ့မိုးရနံ့သင်းသင်းလေး။ယန်ရွှယ်လည်း မသိလိုက်ပဲ ထိုလူငယ်ကို ပြန်ပွေ့ဖက်မိသည်။

ထိုလူရဲ့အနမ်းတွေကမသိရင်နှစ်‌ေပါင်းများစွာ‌ေစာင့်ဆိုင်းပြီးမှ ထိတွေ့ရတဲ့သူတယောက်လိုပဲ ချိုမြိန်သည်၊ ပြင်းရှသည်။ ထိုလူငယ်ကသူ့နှုတ်ခမ်းတွေကို အငမ်းမရ စားသောက်နေသည်။ ယန်ရွှယ်လည်းမည်သို့မှန်းမသိသည့် ခံစားချက်က ရင်ထဲပေါ်လာတယ်။တခုခုကလှုံဆော်နေတယ် ၊သူမသိတဲ့ သူရင်ထဲက တနေရာရာက၊ ဖော်ပြလို့မတက်တဲ့ခံစားချက်တခု။

ယန်ရွှယ်လည်း လူငယ်လုပ်သမျှကို အပေးအယူမျှမျှ ပြန်ပေး‌ေနမိသည်။သို့ပေမဲ့ အနမ်းတွေကမရပ်မနားကြာလာသည့်နှင့်အမျှ အသက်ရှုလို့မရ ဖြစ်လာသည်။ သည်းခံမရတဲ့အဆုံး အားကုန်သုံးပြီး ထိုလူငယ်ကိုတွန်းထုတ်လိုက်တော့တယ်။

ထိုလူငယ်လည်း ‌နောက်ကို ခြေလှမ်းအနည်းငယ်ဆုပ်သွားကာ ရန်ရွှယ်လည်း မောပန်းလျက် အသက်ကိုပင် မနည်းရှူ‌ေနရသည်။

''မင်း မင်း ဘာလုပ်တာလဲ ''

ထိုလူငယ်က ဘာမှ မပြောရှေ့ကိုပဲ ပြန်လျှောက်လာပြီး နှုတ်ခမ်းတွေကိုပြန်လည် ထိတွေ့စေသည်။ဒီတခါထိုလူငယ်ရဲ့ လက်တွေက သာမန်ဖက်ရုံတင်မက ခါးနေရာကနေ တဖြည်းဖြည်းလျော့ကျလာသည်။အနမ်းတွေကလည်း ပြင်းထန်လာသည်။ ထိုလူငယ်ရဲ့လျာကလည်းသူပါးစပ်ထဲ‌ပြင်းပြင်းရှရှမွှ‌ေနှာက်‌ေနသည်။ဒီတခါ‌ေတာ့ ယန်ရွှယ်ချိုမြိန်မှူထက် အသက်ရှုလို့မရတာကို ပိုအာရုံရောက်မိသည်။ အင်အားအကုန်သုံးပြီးတွန်းထုတ်သော်လည်း အချည်းနှီးပင်။ ကြံရာမရတဲ့အဆုံး ယန်ရွှယ် က လူငယ်ရဲ့လျာကို ကိုက်ချပြီးတွန်းထုတ်ကာ အဝေးကို ချက်ချင်းပြေးတော့သည်။

ကျွန်တော်ရဲ့ ချစ်ရတဲ့ ချစ်ဇနီးနတ်ဘုရားလေး( 亲爱的 小神老婆)Место, где живут истории. Откройте их для себя