🔮Final Episode🔮

5.7K 262 24
                                    

ဂျောင်ဂုဒီည ဟိုအရှုပ်ထုပ်လေးမလာသည်မို့ ကင်မ်နှင့်တပွဲတလှမ်းဆယ်ပွဲလောက်နွှဲမလို့ပင်။လူယုတ်မာအကြံနှင့်ကြံလို့ပင်မဆုံး အသံကြားလို့ထွက်ကြည့်တော့ "ဝမ်းမနာသားလေး၊သာသနာဖျက်လေး"။အားဂျောင်ဂုအကြံတွေတော့ပျက်စီးပါပြီ။ဒီညအပီအပြင်ကဲမလို့ပါဆိုကွာ အားးး....

~Internal Love Of Kim~

One Year Later....

"အော တိတ်တိတ်တိတ် ဂျေယောင်းလေးရေ အို အို အို"

*အူဝဲ အူဝဲ*

"သားငယ်ကငိုနေတုန်းလား ဂျွန်"

"အွန်းကင်မ်ရယ်ကြည့်ပါဦး၊ဗိုက်ဆာလို့လားမသိဘူး"

"ပေးကင်မ်ချီလျှောက်ကြည့်မယ်"

*အို ဝို အို ဝိုး ကျွတ် ကျွတ် ကျွတ်*

"ဖေ့သားငယ်လေး"

ကင်မ်လက်ထဲရောက်မှတိတ်သွားသော ဂျွန်ဂျေယောင်းလေး။ဂျွန်‌ထယ်ကူးတုန်းကလည်းအာ့အတိုင်းတပုံစံတည်းပင်။

ကိုယ့်မှာသူတို့ဖြစ်လာအောင်လည်း လုပ်ပေးရသေးတယ် အပြင်ရောက်တော့ခြေစုန်ကန်ပြီး ကင်မ်မှကင်မ်ဖြစ်နေတဲ့ဟာလေးတွေကို စိတ်ဆိုးချင်သည်။

ဂျွန်ထယ်ကူးကမှ အသက်ကြီးလာတော့ပြောလိုဆိုလို့ခွဲအိပ်ခိုင်းလို့ရသား။ဒီဂျွန်ဂျေယောင်းလေးနဲ့ကျမှ ဂျောင်ဂုတို့ညစာငတ်ပေါင်းများလေပြီ။

ငတ်ရုံတင်မက တခါတလေတကုတင်ထဲတောင်အိပ်ခွင့်မရ။ကင်မ်ကသူ့သားငယ်ကိုဖိမိမှာဆိုးလို့ဆိုပြီး ဂျောင်ဂုကိုထယ်ကူးနဲ့သွားအိပ်ခိုင်းလေရဲ့လေ။

ဂျောင်ဂုတို့ကလည်းဘယ်ရမလဲ ကင်မ်စကားနားထောင်ရပါတယ်။အခုတော့ထယ်ကူးကအအိပ်ကြမ်းလို့ ဂျောင်ဂုအတူမအိပ်ချင်တော့တာမို့ ဒီညကင်မ့်ဆီအချိုသပ်ပြီးကပ်အိပ်မိတော့....

ကင်မ်ကိုနောက်ကဖက်လိုက်တိုင်း ကင်မ်ရင်ခွင်ထဲကဂျွန်ဂျေယောင်းတို့က သူ့ဖေဖေထိတော့သိသည်ထင် ထငိုလေတော့သည်။ဂျွန်ဂျေယောင်းတို့များ တကယ့်စိတ်ဓာတ်ပဲ...

"ဂျွန် ကလေးကပြန်အိပ်သွားပြီ ဂျွန်အိပ်တော့လေ"

"အိပ်သွားပြီလား"

Iɴᴛᴇʀɴᴀʟ Lᴏᴠᴇ Oғ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Dove le storie prendono vita. Scoprilo ora