Ep (11)❤

838 104 23
                                    

Unicode

ဆေဗားရပ်စ် တံခါးကဘဲလ်သံကြားမှသာ အတွေးစများပျက်သွားတော့သည်။သူပါးပြင်တစ်လျှောက်က မျက်ရည်များကိုသုတ်လိုက်၏။တံခါးကိုသွားဖွင့်လိုက်တော့ လူစီးရပ်စ်ပင်။

"ဆေဗားရပ်စ် မင်းငါဖုန်းဆက်တာ ဘာလို့မကိုင်တာလဲ.."

"ဟုတ်လား ငါအသံပိတ်ထားလို့ဖြစ်မယ်.."

"အင်းပါ ငါမင်းအတွက် မုန့်တွေဝယ်လာခဲ့တယ် ညဘက်ဆိုရင် မင်းကဗိုက်ဆာတတ်တယ်လေ.."

လူစီးရပ်စ်က ပြောပြောဆိုဆိုနှင့် လက်ထဲကမုန့်ထုပ်များကို စားပွဲပေါ်ချလိုက်၏။

"ငါမှာစားလို့ရပါတယ် ဟိုတယ်က 24 hours service ရတယ်.."

ဆေဗားရပ်စ်သည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင်။တစ်ခါတစ်လေကျရင် လူစီးရပ်စ် စဥ်းစားမိသည်။တစ်ချိန်တုန်းက ဒီလောက်ပျော်ပျော်နေတတ်တဲ့ ဆေဗားရပ်စ်က လီလီကြောင့် အဲ့လောက်ပြောင်းလဲသွားခဲ့လေသလား။

"မင်းကြိုက်သလိုလုပ် မစားချင်လည်း လွှတ်ပစ်လိုက်.."

"စိတ်ဆိုးသွားတာလား.."

"မဟုတ်ပါဘူး မင်းကအရမ်းအေးစက်လွန်းတယ် လီလီကြောင့် မင်းပြောင်းလဲသွားခဲ့တာမလား.."

ဟင့်အင်း..။
ငါက မင်းကြောင့်ပြောင်းလဲသွားခဲ့တာ..။

ဆေဗားရပ်စ် ထိုစကားများကို စိတ်ထဲကသာပြောလိုက်၏။ထာဝရသိမ်းဆည်းထားရမဲ့ ခံစားချက်တွေကို သူဘယ်တော့မှပြန်ထုတ်ဖော်တော့မည်မဟုတ်ပေ။

"အဲ့လိုမဟုတ်ပါဘူး လူစီးရပ်စ် ငါအချစ်ဆုံးဖြစ်ခဲ့တဲ့သူက ငါ့အပိုင်ဖြစ်မလာနိုင်ဘူးဆိုလဲ သူ့ကိုငေးကြည့်ခွင့်ရယုံလောက်နဲ့ ငါကျေနပ်ပါတယ်.."

ထိုအချိန်တွင် ဆေဗားရပ်စ်ရဲ့မျက်ဝန်းထဲတွင် ခံစားချက်အချို့သည် ပေါ်လွင်နေသလို။

အဲ့ဒါဘာလည်း သူမသိပါ။
လီလီအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတွေသာဖြစ်လိမ့်မည် ထင်သည်။

.................................❤

မှောင်မိုက်နေသည်။
ထိုနေရာသည် ဟယ်ရီရဲ့အိမ်တော့မဟုတ်ပေ။ဟိုတယ်တစ်ခုဖြစ်မည်လို့ သူထင်သည်။

BFF OR NOT (Drarry ❤)Where stories live. Discover now