🌿The Lengends of the blue sea
အပိုင်း(25) မိန်းမလှလေးကိုတင်မြောက်တော်ကောက်
"လအနည်းငယ် ! ဟုတ်လား အဲ့ဒါက ကျွန်မတို့ကိုအကျဉ်းချထားတာမဟုတ်ဘူးဆိုတာသေချာရဲ့လား ပြောစရာမရှိဘူး ဝမ်ဝမ် လာသွားစို့"
တကယ်တော့ ပေ့ထန်က အလှကြိုက်သမား
သူ့ဘေးမှာရှိတဲ့မိန်းမတွေအားလုံးကလဲအလှတွေ
တချိန်ကဘုရင်မတပါးဖြစ်ဖူးတဲ့ရီနာနာရဲ့အလှကိုတော့တုဖက်ပြိုင်လို့မရဘူးပေါ့
ပြီးတော့ ရေဘုရင်
ရေဘုရင်ကလဲမိန်းမရှုံးအောင်လှသူမို့
ဒီလိုအလှလေးနှစ်ပါးကို ဒင်းကဘယ်လက်လွတ်ချင်ပါ့မလဲ
စားလဲစားချင်တယ် စပ်မှာလဲကြောက်တယ်ဆိုတာလိုမျိုး
တော်ကောက်ချင်ပေမဲ့ သူ့ကိုလာသတ်တဲ့သူတွေဖြစ်မှာကိုလဲစိုးရိမ်နေသေးတဲ့ပေ့ထန်က ရုန်းမရကန်မရဝေခွဲမရဖြစ်နေလေတယ်
ဒါပေမဲ့ ရီနာနာကတော့ပြတ်တယ်
ရေဘုရင်ရဲ့လက်ကိုဆွဲပြီး လူအုပ်ကြားထဲတိုးဝင်ပျောက်ကွယ်သွားတော့တာပဲ
သူမတို့ပျောက်ကွယ်သွားတော့မှ အသိဝင်လာတဲ့ပေ့ထန်က
နဂါးစစ်တပ်က ခြေမြန်တော်စစ်သူကြီးတစ်ယောက်ကို သူမတို့နောက်လိုက်သွားခိုင်းပြီး အခြေအနေစုံစမ်းလိုက်စေတယ်
ဒါတွေကိုရီနာနာကလဲကြိုသိထားပြီးသား
ဒါကြောင့် စိတ်အိုက်နေလို့အသွင်ပြန်ပြောင်းချင်နေတဲ့ရေဘုရင်ကိုအသာတို့ပြိး သူတို့ရဲ့တည်းခိုမဲ့နေရာကိုသာရှာလိုက်ကြတော့တယ်
စစ်သူကြီးက အတော်ကြာအောင်စောင့်ကြည့်နေလေတယ်
ဘယ်သူနဲ့မှမတွေ့ ဘာသံသယဖြစ်စရာမရှိဘူးဆိုမှ သူမတို့ကိုထားခဲ့ကာ ပေ့ထန်ကိုပြန်တင်လျှောက်ဖို့ထွက်သွားခဲ့တယ်
"ရပြီ"
ရေချိုးကန်ထဲမှာ ရေဘုရင်ရဲ့အမြှီးပြာနဲ့တောင်ပံတစုံဟာ ဘွားခနဲပေါ်ထွက်လာခဲ့တယ်
YOU ARE READING
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Historical Fictionown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...