Part 16-မိသားစုကလျစ်လျူရှုမထားနိုင်ဘူး။

4.3K 679 29
                                    

Unicode

အဲ့ဒီ့အမျိုးသမီးနဲ့ပတ်သက်ရင် တစ်ခုခုကမသင်္ကာစရာကောင်းပေမဲ့ လောင်ထရန်းက ဘာကမှားယွင်းနေလဲဆိုတာ အဖြေရှာလို့မတွေ့သေးဘူး။အခု သူလုပ်နိုင်တာဆိုလို့ နိုးနိုးကြားကြားရှိပြီး ဖြစ်နိုင်ချေနည်းရင်တောင် အဆိုးဆုံးအတွက်ပြင်ဆင်ထားဖို့ပဲ။

ဒီနယ်ပယ်မှာ ဒီလိုကိစ္စမျိုးတွေကိုင်တွယ်ရတာကြာလာတော့ သတိဝီရိယရှိတဲ့စရိုက်ကို အလိုလိုကျင့်ပြီးသားဖြစ်သွားတယ်။သူ့ရှေ့မှာ ဘယ်သူကလိမ်နေလဲဆိုတာတပ်အပ်ပြောနိုင်တဲ့ မိုလောင်ထရန်းအတွက် လူတစ်ယောက်ကို လွယ်လွယ်ကူကူယုံဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူး။ဒီလိုစွမ်းရည်မျိုးချီးမြှောက်ခံထားရတာပျော်ရွှင်ပေမဲ့ တစ်ခါတလေကျရင် ဆိုးကျိုးတွေလည်းရှိတယ်။ဒါကြောင့်လည်း ပွဲတွေတက်ရမယ်ဆိုရင် ဟန်လုကိုပဲသူ့အစားသွားခိုင်းတာ။

"အင်း...အကိုဟန်လုတစ်ယောက်တည်းလည်း ကောင်းကောင်းဖြေရှင်းနိုင်မှာပါ။" အယ်လ်ဖာရဲ့လည်ပင်းနားကို တိုးဝှေ့ကာ ဒန်နီရယ်က ရေရွတ်တယ်။ခုနက လေ့ကျင့်ခန်းကြောင့် နှစ်ယောက်လုံးကချွေးတွေရွှဲနေပေမဲ့ အဲ့ဒါကသူတို့ကို အနှောင့်အယှက်မဖြစ်စေဘူး။အဲ့ဒီ့အစား ပိုပြီးရင်းနှီးမှုကိုရစေတယ်။သူတို့ရဲ့ ပူနွေးစိုစွတ်တဲ့ခန္ဓာကိုယ်တွေက အကျွမ်းတဝင်ရှိနေတယ်။

"ဟမ်း..အခုတော့ အဲ့ဒီ့အကြောင်းမပြောဘဲနေကြရအောင်။" လောင်ထရန်းကအကြံပေးလိုက်ပြီး ဒန်နီရယ့်ခါးကိုဖက်ကာ သူနဲ့ပိုမိုနီးကပ်အောင်ဆွဲယူလိုက်တယ်။

ဒန်နီရယ်က ခေါင်းညိမ့်ကာ ပြုံးပြလိုက်တယ်။အယ်လ်ဖာရဲ့ ရင်ခွင်ထဲမှာနေရတာကြိုက်တယ်။သူတို့ကအမြဲလိုလို ပွေ့ဖက်ကြည်နူးနေလို့ရတာမဟုတ်တဲ့အတွက် အခုရတုန်းလေး အချိန်ကိုကောင်းကောင်းခံစားရမှာပေါ့။

ဒါပေမဲ့လည်း နှစ်ယောက်သားအနားယူစအချိန်မှာ တယ်လီဖုန်းမြည်လာတော့ နှစ်ယောက်လုံးကပြန်နိုးသွားကြတယ်။လောင်ထရန်းက သူမကြိုက်လောက်တဲ့ကိစ္စတစ်ခုခုဖြစ်မယ်လို့ထင်ပြီး ဖုန်းကိုင်ဖို့အစီအစဉ်မရှိဘဲ ဒန်နီရယ့်ကိုဆက်လက်ပွေ့ဖက်ကာ ဖုန်းမြည်သံကိုလျစ်လျူရှုထားလိုက်တယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now