- 5 -

33 4 0
                                    

" မြန်မြန်လာ !! "

ကားတံခါးကိုဖွင့်ပေးကာ သူ့လက်ကိုဆွဲပြီးလောနေသာ မိုနီကာပါလေ ၊ နောက်ပြန်လှည့်ကြည့်ပြီး တစ်ချက်ကလေးကားကို lock ချလိုက်သည် ။

" ငါ့လက်ကိုကိုင်ထား ၊ "

လက်ဆွဲကာ ဓာတ်လှေကားထဲရောက်သည်ထိ ပြေးခဲ့ရသည် ။ ဘာကိုလောနေမှန်းမသိ မျက်စိတော့အမှန်တကယ်နောက်လာမိသည် ။

" ဟူး ရောက်ပြီပဲ ၊ "

ချွေးစီးစလေးတွေကျနေသော ဆံပင်စလေးတွေကို ဖယ်ရင်း ဖုန်းဆက်ဖို့လုပ်နေသော ထိုအမျိုးသမီးသည်မှာ တော်ရုံကြည့်ကောင်းရုံတင်မကပါ ။

" ရောက်ပြီလား ? အိမ်မှာစောင့်နေမှာမို့လို့ မြန်မြန်လာ ! "

ဓာတ်လှေကားတံခါးပွင့်ပွင့်ချင်းပင် တွေ့ရသောသူ့အခန်း ၊ ကွန်ဒိုဆိုပေမဲ့ ဒီလောက်ထိ တိတ်ဆိတ်တာမျိုးကတော့ ထူးဆန်းသည် ။

" လာ ဝင် ၊ "

တံခါးကို ဖွင့်ပေးပြီး အရင်ဝင်ခိုင်းသည် ၊ အိမ်အခြေအနေကတော့သန့်သန့်ရှင်းရှင်းပင် ။

" နိုဂျယ် ငါ့အိပ်ခန်းကိုဖွင့်ပေးမှာမို့လို့ ခဏဝင်နေနော် ။ အစ်မစားပွဲပြင်လိုက်ဦးမယ် ။ "

" အစ်မ ကျွန်မ ကူရမလား ? "

" မဟုတ်တာ ရတယ် ၊ မကူနဲ့တော့ ၊ "

ဧည့်ခန်းကို ဘာမှမထားဘဲအရှင်းအလင်း hall type ထားထားသည် ။ ဘေးနံရံရှိ ဓာတ်ပုံလေးကလွဲရင် တကယ့်ကိုအရှင်းသား
အစ်မကတော့ စားပွဲတွေရွှေ့ရင်းအလုပ်များနေသည် ။ ထိုစဥ်တွေ့မိလိုက်သော ဓာတ်ပုံတစ်ပုံ ၊

ဆံပင် အနီရောင်ကိုမှ တောက်တောက်ကလေးဆိုးထားပြီး မထင်ထားလောက်အောင်ကိုသူမနှင့်လိုက်သည် ။ ထိုဘေးတွင်လည်း ပိုလာရွိုက်ပုံစံ ဓာတ်ပုံထည့်သည့် binder လေးလည်းရှိသည် ။ အထဲတွင်လည်း ပိုလာရွိုက်ပုံအပြည့်နှင့်ပင် ၊

ထိုအမျိုးသမီးသည် အစ်မနှင့် ဘာများတော်စပ်ပါသလိမ့် ၊ ရင်းနှီးသည့်ပုံထွက်နေသည့်ထိုအမျိုးသမီးသည် ဘာတွေများထူးခြားနေ၍ အစ်မရဲ့ အလေးပေးမှုတွေကို ခံနေရသလဲ ဟု တွေးမိလိုက်သည် ။ မသိလိုက်ခင်မှာပင် ထိုအမျိုးသမီးကို မကြည်တော့တဲ့ ခံစားချက်မျိုးရလိုက်မိသည် ။

𝘁𝗲𝗮𝘀𝗶𝗻𝗴 𝘂 < 𝖬𝗈𝗇𝗂𝗄𝖺 𝖷 𝖭𝗈𝗓𝖾 > Where stories live. Discover now