Unicode
"နောက်ပြီးကျရင် နောက်ထပ်အလုပ်တစ်ခု မင်းကိုပို့ပေးလိုက်မယ်။ငါပို့ပေးမဲ့ ဖိုင်မှာပါဝင်ပတ်သက်နေတဲ့ လူတစ်ယောက်ချင်းစီရဲ့အကြောင်းကို မင်းရှာပေးရမယ်။သူတို့ရဲ့နောက်ကြောင်းကို အစကနေအဆုံး အကုန်သိချင်တယ်။ဟန်လုပြန်လာရင် ငါပဲပြောပြလိုက်မယ်။သူတို့အစီအစဉ်အတိုင်းအကုန် အဆင်ပြေနေတယ်ထင်အောင် အခုတော့ ပုံမှန်အတိုင်းပဲလှုပ်ရှားကြတာပေါ့။" ဗရော်နီကာချိုင်းရဲ့ တကယ့်ဖိုင်အမှန်ကိုယူရင်း လောင်ထရန်းကပြောလိုက်တယ်။
ရန်သူက သတိကြီးရင် သူလည်း ပိုပြီးသတိဝီရိယနဲ့လိုအပ်တဲ့ သက်သေမှန်သမျှစုဆောင်းသိမ်းဆည်းထားရမယ်။
"အိုခေ..ဒါဆို ဗရော်နီကာဘယ်သူနဲ့တွဲသေးလဲဆိုတာ ကျွန်တော်စုံစမ်းဖို့လိုသေးလား?။" ထရန်းဇီကလည်း စိတ်လှုပ်ရှားရွှင်မြူးကာ ခေါင်းညိမ့်ပြတယ်။ဒီလိုကိစ္စမျိုးတွေမှာ သူ့အကိုကြီး သူ့ကိုသိသိသာသာပါဝင်ခွင့်ပေးတာ ဒါပထမဆုံးအကြိမ်ဆိုတော့ သူကအူမြူးနေတာ။
"မလိုဘူး..အဖေက သူစီစဉ်မယ်လို့ပြောတယ်။ဒါပေမဲ့ မင်းမှာအချိန်ပိုရှိရင်တော့ လုပ်လိုက်။" မင်းသမီးကသတိဝီရိယရှိနေပြီးသားဆိုတော့ ကလေးအဖေကဘယ်သူလဲဆိုတာရှာဖို့အချိန်ပေးတာက အသုံးမဝင်ဘူးလို့ထင်တယ်။တစ်ဖက်ရန်သူကိုပျော်ရွှင်စေမဲ့ အချိန်ဖြုံးတာမျိုးပဲဖြစ်လိမ့်မယ်။
ဒါကသူတို့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ရင်လည်းဖြစ်နိုင်မယ်။တကယ်တမ်းအရေးမပါတဲ့ကိစ္စဖြစ်တဲ့ ဗရော်နီကာလွယ်ထားရတဲ့ကလေးအဖေကိုရှာဖို့ လောင်ထရန်းကိုအာရုံလွှဲတာ။
"အိုခေ..သိပြီ။" ထရန်းဇီကခေါင်းညိမ့်တယ်။အဲ့ဒါပြီးတော့ သူတို့အခန်းထဲကပြန်ထွက်လာတော့ ဒန်နီရယ်နဲ့တခြားသူတွေက ဧည့်ခန်းထဲပြန်ရောက်နေပြီ။
"မိုလောင်ထရန်း!။" လောင်ထရန်းက လော်ရာမိုရဲ့မျက်လုံးထဲကိုဝင်လာတာနဲ့ သူမကအော်လိုက်တယ်။ကော်ဇောပေါ်မှာ နာနီအသစ်ရဲ့အုပ်ထိန်းမှုနဲ့ဆော့ကစားနေတဲ့လွမ်မင်လေးဆီကနေ အကြည့်ပြောင်းလိုက်တယ်။
KAMU SEDANG MEMBACA
ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]
AksiAll credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်း...