Epi - 7 (Zawgyi)

290 8 0
                                    

"တောင်"

အသံကြားလို့ လှမ်းကြည့်လိုက်တော့ နွေး ဖုန်းကပဲ ဖြစ်နေသည်။ ကျွန်တော့် ဖုန်းကတော့ Operator ကလွဲရင် ပို့မဲ့သူ မရှိ။

'Morning နွေး
စောစောထနော်'

"လုပ်ပြန်ပြီ။ အဲ့ကောင်ကွာ ... ။ မနက်ဖြန် တွေ့မှ သူ့ကို ပြောပြရမယ်။ အဟက် ! "

မိုးသက်ကတော့ ပုံမှန်အတိုင်း ပို့တာပဲ ဖြစ်ပေမယ့် နွေးကို တစ်ဖက်သတ် ချစ်သူ တော်ထားတဲ့ လင်းကတော့ စိတ်တွေ တိုနေတော့သည်။ ထို့နောက်တွင်တော့ ကိုယ့်အတွေးနဲ့ကိုယ် ဂုဏ်ဆာစွာ ပြုံးလိုက်မိသည်။

"ကိုကို ရေချိုးလို့ ရပြီ"

"အင်း"

မျက်နှာက စူပုတ်ပြီး ပြောလာတဲ့ လင်းကို ကြည့်ပြီး နွေးပင် ကြောင်သွားမိသည်။

"ငါလည်း ဘာမှမလုပ်ပဲ မျက်နှာက ဘာဖြစ်တာတုန်းဟ"

နွေး ဘာများ လုပ်မိလို့တုန်း။ ဒီမနက် ဘယ်သူနဲ့မှလည်း ဖုန်းမပြောရသေးသလို၊ စာလည်း မပို့ရသေးပါ။

"အမ် ? ကိုကို့ မျက်နှာကြီးက ဘာဖြစ်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး"

နွေး ရိပ်မိသွားပြီး ဖုန်းကို ကမန်းကတမ်း ကောက်ကြည့်လိုက်တော့ မိုးသက်ရဲ့ သာမန် မက်ဆေ့လေး တစ်ခုပင်။

"ဪ ... သဝန်တိုနေတာလား"

"မဟုတ်ပါဘူး ကိုယ့်မှာ သဝန်တိုခွင့်မှ မရှိတာပဲ"

"အမ် ရည်းစားမဟုတ်ဘူးလား"

"ရည်းစားလေ။ ချစ်သူမှ မဟုတ်တာ။ ရည်းစားဆိုတာ အပျော်တွဲတာ။ အချိန်မရွေး ပြတ်စဲသွားနိုင်တဲ့ Relationship မျိုး။ ချစ်သူဆိုပြီး သတ်မှတ်လိုက်တာမျိုးကျ မတူဘူး။ တစ်ဘဝစာ လက်တွဲမဲ့သူ အဲ့လို ကိုယ်ပိုင်ရတော့မယ်လို့ သတ်မှတ်ထားလို့ ရတဲ့သူမှ မဟုတ်တာ။ သဝန်တိုတယ်လို့ ခေါင်းစဉ်တပ်ပြီး မချုပ်ခြယ်ချင်ပါဘူး။ ပေါက်စ မကြိုက်မှာ ကိုယ်သိတယ်လေ"

"ဪ"

ဒီတစ်ခါတော့ နွေးရဲ့ ‌'ဪ' ဆိုတဲ့ အသံက လေးနက်တဲ့ အတွေးတွေ ပါနေလိမ့်မည်။

"ရပါတယ်။ ဒါပေမဲ့ ကိုယ့်ဖက်ကတော့ ချစ်သူလို့ သတ်မှတ်ထားတာနော် ... ဟီး။ ကိုကိုက ဒီပေါက်စလေးကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာ"

No More Pain, Please (Season-1) {Completed}Onde histórias criam vida. Descubra agora