╬ - 3

106 12 14
                                    

မနက်ခင်း ကျောင်းသွားဖို့ ပြင်ဆင်ပြီး အခန်းအပြင်ထွက်လိုက်တော့ အခန်းရှေ့မှာ ရှိနေတဲ့စာလေး

:ချာတိတ်လေး ဒီနေ့ ပြိုင်ပွဲရှိလို့ ကျောင်းအစောသွားလ်ိုက်တယ်
ဒီနေ့ အတူမသွားဖြစ်တော့ဘူး ကိုယ့်ကိုစောင့်နေမှာဆိုးလို့ အပြန်ကျ တူတူပြန်မယ်နော် ပြီးတော့ နေ့လည်စာလဲ အတူစားမယ်နော် <3

*ဟွန့် ဘယ်သူက‌ကော တူတူသွားဖို့ စောင့်မယ်လို့ ပြောမိလို့လဲ တူတူမသွားနိုင်ရင်လဲ အစထဲက မပြောနဲ့ပေါ့ အ‌စောက ကြည်လင်နေတဲ့ စိတ်လေး အခုတော့ တစ်ခုခုကို အလိုမကျသလို ဖြစ်သွားပြီ

ကျောင်းရောက်တော့ အပြင်မှာ ဟိုတစ်စု ဒီတစ်စုနဲ့ တစ်ချို့တွေရဲ့ လက်ထဲမှာလဲ အားပေးဖို့ စာတန်းလေးတွေ ဆိုင်းဘုတ်လေးတွေ ကိုင်ထားကြတယ်

အိုဟိုးး ပြိုင်ပွဲရှိတယ်ဆိုတာ ဒါများလား ဒီနေ့ မနက်ပိုင်း စာသင်ချိန်မရှိလောက်ဘူးပေါ့ HeeSeung Hyung ကို အစောလာဖို့ ခေါ်ပြီး မုန့်လိုက်ဝယ်ကျွေးခိုင်းရမယ်

"Hey TaeHyun!!!"

ဘယ်သူလဲဟ
လှည့်ကြည့်လိုက်တော့ ကျနော့်ဆီပြေးလာနေတဲ့လူကတော့ နေပါဦး အတန်းခေါင်းဆောင်မလား နာမည်က မနေ့က သေချာနားမထောင်ထားတော့ မသိလိုက်ဘူး

"ဘာလို့ လွယ်အိတ်ကြီးယူလာတာလဲ အော်မေ့လို့ အသစ်ဆိုတော့ မသိလောက်သေးဘူး ဒီနေ့ မနက်ပိုင်း အတန်းမရှိဘူး အကုန် ပြိုင်ပွဲကို အားပေးဖို့ သွားကုန်ကြပြီ"

"ဟုတ်လား ဒါဆို အဆောင်ပြန်--"

"ဘယ်ကိုပြန်ဖို့ တွေးနေတာလဲ လာသွားကြည့်ရအောင်"

"အယ် နေ-‌နေဦးလေ ခ-ခဏလေး မကြည့်လို့မရဘူးလား"

"လာပါ ကြည့်လို့ နောင်တမရစေရဘူး"

နောက်ထပ်ဘာမှပြောချိန်မရလိုက်ဘူး လက်ကို အတင်းတွေဆွဲခေါ်သွားတာ အားကစားခန်းမထဲရောက်တော့ ဝိုး လူတွေအများကြီးပဲ တစ်ကျောင်းလုံးများရောက်နေသလား အောက်မေ့ရတယ် YeonJun Hyung ကကော
နေပါဦး ငါက ဘာကိစ္စ သူ့ကို ရှာနေမိတာလဲ

"အတန်းခေါင်ဆောင် ဟို-"

"Bang Chan "

"ဟင် ? ဘာကို"

I Still Do ¶TaeJun¶Where stories live. Discover now