ကျွန်တော် ဒီကိစ္စကို ပြန်ပြောပြဖို့ကို တော်တော် တွေးနေမိတယ်။ဘာလို့လဲဆိုတော့ ဒီအကြောင်းအရာတွေမှာပါတဲ့ လူပုဂ္ဂိုလ်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နှောင်ဖွဲ့နေကြတာဗျ။ ဒီတော့ ကျွန်တော်ပြောပြလိုက်ရုံနဲ့ ခင်ဗျားတို့ သိလိုက်ရတာက ပြည့်ပြည့်စုံစုံမဖြစ်မှာကို စိုးရိမ်မိတယ်။
"ဦးသျှင်ခ" ကော "ဇိန်" ကော သူတို့နှစ်ဦးနဲ့ ပတ်သက်တဲ့သူတွေ အားလုံးက လောကကြီးအတွက် မှုန်စမှုန်ဝါးလေးတွေပါပဲ။ဒါပေမယ့် သူတို့ရဲ့ ဖြစ်တည်မှုတွေက အဓိပ္ပာယ်ရှိနေတယ်လေ။ ယောကျာ်းမိန်းမရယ်လို့မဟုတ်ဘဲ လူလူချင်းဆိုတဲ့ အသိကို နားလည်လက်ခံကြတယ်ဆိုတာ သိလိုက်ရတယ်။ဒီတော့ ကျွန်တော်ပြောမယ့် ဒီဇာတ်လမ်းမှာ ခင်ဗျာတို့ရဲ့ စိတ်က နူးညံ့နေဖို့ထက် ရိုးသားနေဖို့ကို ဦးစားပေးစေချင်တယ်။
*************************************
"ကျွန်တော် မသိလိုက်ဘူး ကိုဇိန် ခင်ဗျားစာမူကို ကျွန်တော်တို့တိုက်က လက်ခံလိုက်တယ်ဆိုတာကိုပေါ့"ဇိန်သည် မင်းလရောမ်၏ ဖုန်းပြောသံကို ကြားပြီးနောက် တွေဝေသွားခဲ့သည်။အကြောင်းမှာ မနက်စောစောက တိုက်က ဖုန်းဆက်၏ ။
"စာရေးဆရာဇိန်လားဗျ "
"ဟုတ်ပါတယ် ကျွန်တော်ဇိန်ပါ အမိန့်ရှိပါခင်ဗျ"
"အကိုက ဦးသျှင်ခပါ ညီလေး ဟိုတနေ့က စာမူလာပြတုန်းက အကို့တူမင်းလရောမ်နဲ့ပဲ တွေ့လိုက်တယ်ထင်ပါတယ်။ ဆိုတော့ ကျွန်တော်က ဦးသျှင်ခပါ ဒီပါစာအုပ်တိုက်ရဲ့ ဖောင်ဒါ ပါ။""ဟာ ဟုတ်ဆရာ ပြောပါခင်ဗျ။" ဇိန်သည် ဖုန်းပြောနေစဉ်ပင် လေးစားသမှုဖြင့် ကိုယ်ခန္ဓာကို ရို့လိုက်လေ၏။ ထိုနောက်
"ဆရာ ဘာများအမိန့်ရှိပါသလဲဗျ"
"ဟုတ် ညီလေး ဆရာလို့ မခေါ်ပါကွာ အကိုနဲ့ မင်းနဲ့က အသက်ကဖြင့် သိပ်ကွာမှာ မဟုတ်ပါဘူး။အခုဖုန်းခေါ်တာကလည်း ဇိန်ရဲ့ စာမူဖြစ်တဲ့ "တိမ်" ၀တ္ထုလေးကို သဘောကျလို့ပါ။အဲ့တာ အကိုတို့တိုက်က စာအုပ်အဖြစ် ဖန်တီးပေးပါ့မယ် "
"ဇိန်"
နာမည်အရင်းက ချမ်းမြေ့စံဖြစ်၏။ဒဂုံတက္ကသိုလ်တွင် မြန်မာစာအထူးပြု ယူကာတိယနှစ်ကိုတက်ရောက်နေသူဖြစ်၏။နယ်က မိဘများမှ ရန်ကုန်ရှိအဒေါ် အိမ်တွင်နေကာ ပညာဆက်လက်သင်ကြားစေသည်။ငယ်ငယ်ကတည်းက စာရေးဝါသနာပါသောသူတစ်ယောက်ဖြစ်ကာ ကဗျာနှင့် ဆောင်းပါးများကိုစာပေတိုက်များသို့ ပေးပို့လေ့ရှိသည်။ အခုမှ အသက် (၂၃)၀န်ကျင်းသာ ရှိသေးပြီး အသားအရည်ဖြူစွပ်စွပ် အရပ် ခြောက်ပေနီးပါး ရှိကာ မပိန်မ၀သော ခန္ဓာကိုယ်ရှိ၏။သူ့တွင် ထူးခြားသည်မှာ ကြည်လင်တောက်ပသောမျက်လုံးနှင့် မိန်းမသားတို့ပင် အားကျရသော နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထား၏။ ယခုတင်မူ သူကိုယ်တိုင်ရေး၀တ္ထုဖြစ်သော "တိမ်" အတွက် စာအုပ်ထုတ်ရန် ထုတ်ပေးမည့်တိုက်ကို လိုက်ရှာနေလေသည်။လွန်ခဲ့တဲ့တစ်ပတ်က စာမူပေးထားခဲ့သော "ဒီပါစာအုပ်တိုက် "ပိုင်ရှင် ဦးသျှင်ခ ကိုယ်တိုင် စာအုပ်အဖြစ် ပြောင်းလဲ ဖန်တီးပေးမည်ဆိုသဖြင့် ၀မ်းသာနေလေ၏။ ထိုနောက် ဦးသျှင်ခထံမှာ ကိုမင်းလရောမ်၏ဖုန်းနံပါတ်ကို ရရှိခဲ့လေသည်။အကြောင်းမှာ စာမူကို စစ်ဆေးလက်ခံအတည်ပြုတာလောက်ပဲလုပ်ပြီး ကျန် ထုတ်ဝေခွင့်အပိုင်းကို သူ၏တူ မင်းလရောမ်ကိုသာ အပ်ထားလေ၏။ထို့ကြောင့်ပင်
YOU ARE READING
The Cloud
Romanceတိမ်ဆိုမှတော့ တိမ်လိုပါပဲအကို သူ မရှိတဲ့နောက် ဖြစ်တည်လာတဲ့ တိမ် ပေါ့