Zawgyi
"ကမောက်ကမတွေ အဖြစ်ဆုံးသောည"
ထပ်ပြီးငြင်းဆန်သည့်စကားပြောဖို့ဟလာသည့်နှုတ်ခမ်းတွေဆီက စကားလုံးတွေထွက်မလာခင်မှာ မင်းအဏ္ဏဝါက "ကျွန်တော်ကူညီတာကို လက်ခံလိုက်ပါ" ဟူ၍ တိုးတိုးပြောလိုက်ပြီး အနမ်းကိုပြန်ချိတ်ဆက်လိုက်ကာ လှုပ်ရှားမှုကိုလည်း စတင်လိုက်ပါတော့၏။
ဘောင်းဘီဇစ်ကိုဆွဲချပြီး တဖြည်းဖြည်းတိုးဝင်ထိတွေ့လာသည့်လက်ဖဝါးပြင်ကြောင့် ရှန်းမှာ နည်းနည်းမှမလှုပ်ရဲလောက်အောင် လန့်မိသလို အနီရင့်ရင့်အင်္ကျီနဲ့လက်မောင်းကျစ်ကျစ်ကိုသာ တင်းတင်းဆုပ်ကိုင်ထားမိတော့၏။
နှုတ်ခမ်းတွေကလည်းဆက်နွှယ်မှုမပြတ်သလို အောက်တစ်နေရာဆီက ဆုပ်ကိုင်ပွတ်ဆွဲနေမှုကြောင့် အခုချက်ချင်းပဲ သေသွားတော့မလားပင်။
ပြီးတော့ အခုဆိုသူက လုံးဝကိုအရှက်တရားမရှိသည့်သူဖြစ်သွားချေပြီ။ ဒီလိုရုပ်ပျက်ဆင်းပျက်အခြေအနေနဲ့ တခြားသူရဲ့ပြုစုမှုကို လက်သင့်ခံနေမိပြီး မငြင်းဆန်နိုင်ခဲ့သည့်သူဟာ တကယ်ကို အရှက်တရားကင်းမဲ့သူဖြစ်သွားချေပြီမဟုတ်လား။
ရာဂစိတ်ဆန္ဒပြင်းပြခဲ့တာမျိုးမရှိခဲ့ဖူးသည့်သူကိုယ်တိုင်တောင်မှ တစ်ကြိမ်မှ ဒီလိုဖြေလျှော့မှုမျိုးမလုပ်ခဲ့ဖူးတာ၊ အခုတော့ တခြားသူရဲ့လက်ထဲမှာ စိတ်ဆန္ဒကို မတွန်းလှန်နိုင်ဖြစ်နေလေပြီလေ။
ယခုသူ့ပုံစံကိုမြင်နေသူ၊ ထိတွေ့နေသူကလည်း တခြားသူမဟုတ်၊ ယောက်ျားငယ်လေးတစ်ယောက်။ ဒါ့အပြင် သူ့ကိုသဘောကျနေပါသည့်ဆိုသည့်ယောက်ျားပျိုရဲ့အရှေ့မှာမှ ဒီလိုဖြစ်ပျက်နေတာကြောင့် အရှက်သိက္ခာတွေဟာ ရေစစ်နဲ့တောင်စစ်ပြီးဆယ်လျှင်တောင် မရနိုင်တော့ဘူးလို့ တွေးမိလာလေလေ ရှန်းမှာ ပိုပြီးငိုချင်လာလေလေ။
နှုတ်ခမ်းတွေကိုဖယ်ခွာပေးလိုက်လျှင်ကို နားရှက်ဖွယ်တအင့်အင့်အသံလေးတွေထပ်ညည်းမိတာမို့ ရှန်းက သူ့ပါးစပ်ကိုလက်ဖြင့်ဖိပိတ်ထားလိုက်၏။ သို့ပေမယ့် သူ့ပခုံးတွေ၊ လည်တိုင်တွေကို နမ်းရှုပ်နေရင်း လက်ကိုလည်းဖြည်းဖြည်းချင်းလှုပ်ရှားနေသူက ဖိပိတ်ထားသည့်သူ့လက်ကိုဆွဲဖယ်လာပြီး

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...