ကောင်းကင်ပြာအောက်က
စိမ်းပြာရောင် ပင်လယ်ပြင်ကြီး
လှိုင်းလုံးတွေက တစ်ရိပ်ရိပ်
လှိုင်းသံများက သူ့နားထဲဝယ်တေးတစ်ပုဒ်တစ်ဖွယ်
ပင်လယ်ပြင်ကိုဖြတ်တိုက်လာတဲ့လေညှင်းလေးက
အေးမြမြလေးစိတ်နှလုံးအစုံကိုကြည်လင်
စေသောပင်လယ်ပါပင်။သဲသောင်ပြင်ပေါ်သူထိုင်နေတာ
အတော်ကြာညောင်းနေပြီ။
သို့သော် ပြန်ဖို့လည်းစိတ်မကူးမိသလို
ပင်လယ်ပြင်ကြီးကို ငြီးငွေ့လိုက်တာဟုပင်
မတွေးမိခဲ့။ သူချစ်သော
တစ်ယောက်သောသူကိုလဲ
ဘယ်တုန်းကမှ မငြီးငွေ့ခဲ့။
တစ်နေ့ထက်တစ်နေ့ ပိုတိုးကာချစ်လာရသည်။"တစ်နေ့မှာ အကို့ကို ကျွန်တော်က လူသိရှင်ကြား လက်ထပ်ယူမှာသိလား"
"အဲဒီနေ့ထိအောင် မင်းကငါ့ကိုချစ်မှာတဲ့လား"
"အမြဲတမ်းထာဝရ ချစ်နေအုံးမှာ"
သူ့မျက်နှာမှာအပြုံးပန်းဝေရသည်။ ထိုကောင်လေးပြောခဲ့တဲ့ကတိစကားတွေက
အမှန်ဖြစ်ခဲ့တာ ခုဆိုလက်ထပ်ပြီးလို့
သုံးနှစ်ကြာသည်အထိ သူ့အပေါ်တစ်ခါလေးမှ အချစ်မလျော့ခဲ့တာအမှန်ပင်။
အိမ်ကြီးနှစ်ခုကဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့
လမ်းဟာ စတည်းကဖြောင့်ဖြူးနေတာမဟုတ်ခဲ့။ နှစ်အိမ်လုံးက ကြည်ကြည်ဖြူဖြူ
သဘောတူခြင်းမရှိ။
တစ်ခါသူjungkookနဲ့တွေ့ဖို့ အိမ်ခြံစည်းရိုးမှခုန်ချဖူးသည်။
အဲ့နေ့က...."မင်းဒီနေ့ကစပြီးအပြင်မထွက်ရဘူး"
"ဘာဖြစ်လို့လဲအဖေ!!"
"ငါ့ကိုဘာမှလာမမေးနဲ့ မနက်ဖြန်မင်းကိုပညာတော်သင်လွှတ်ဖို့
ငါအားလုံးစီစဉ်ပြီးပြီး""ဘာ အဖေသားကိုလဲနဲနဲမှမတိုင်ပင်ပဲ အဖေလုပ်ချင်တိုင်းလုပ်နေတာလား"
"ငါလုပ်တာမင်းကောင်းဖို့အတွက်ကွ
ဘာမှလာမပြောနဲ့ မင်းခုချက်ချင်းအခန်းသွား
သွားလေ အခန်းထဲကတစ်ဖဝါးမှမခွာနဲ့နော်""ဂျိန်းးး "
တစ်ခါးအားစောင့်ပိတ်လိုက်ကာ။
သော့ဖြင့်ခတ်လိုက်သည်။မျက်ရည်တွေ တစ်သွင်သွင်စီးကျနေသော jiminတစ်ယောက်တိမ်ဖုံးနေသောလနဲ့ အတူ လှောင်ပိတ်မိနေသော လမင်းလေးက
တစ်သိမ့်သိမ့်ငိုကြွေးလို့နေသည်။