Loyalty

511 35 2
                                    


Unicode

ရုံးခန်းထဲမှာတော့ 

"Baby ကိုယ်မဟုတ်ဘူးနော် "
လက်တခါခါ ခေါင်းတခါခါနဲ့ အသည်းအသန်ငြင်းနေတဲ့ ဝသာန်

မာလာ လဲ မီးဝင်းဝင်းတောက်နေတဲ့မျက်လုံး
နဲ့ ဝသာန့် ကို ကြည့်နေတဲ့ အနှိုင်းမဲ့ ကြောင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ်

အနှိုင်းမဲ့ မြင်ဖြစ်အောင် မြင်သွားတယ်

တဆက်တည်းမှာပဲ ဝသာန်ဆီကို ဦးတည်နေတဲ့ သူ့ ခြေလှမ်းတွေက လားရာ ပြောင်းပြီး ဒေါသတကြီးနဲ့ မာလာ ရဲ့ ပါး ကို အားကုန်ရိုက်ချလိုက်တယ်

ဖြန်းးး ဖြန်းးးး

ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန် ရိုက်နေတာ ဘယ်နှစ်ချက်မြောက်မှန်းမသိဘူး ဆံပင်တွေဆောင့်ဆွဲထားတာလဲမလွတ်တော့ဘူး
စိတ်ထဲ အားရမှ သွားကွာ
ဆိုပြီး တွန်းလွှတ်လိုက်တယ် မာလာ လဲကြမ်းပြင်မှာပုံလျက်သား

"ကောင်မ အဲဒါ ငါ့ယောကျာ်းကို မြူဆွယ်ချင်ဦး "

ဝသာန် တစ်ယောက် ကြောင်နေတယ် သူထင်တာသူ့ဆီကို လာထိုးမယ်ပေါ့

"ငါ ငါ့ယောကျာ်းကိုအထင်လွဲပြီး ရန်လုပ် နောက်တော့ ကွဲကြာကွာကြ နင်အဲလိုဖြစ်‌စေချင်တယ်မလား စိတ်ချ ဘယ်တော့မှ နင့်အလိုဆန္ဒမပြည့်ဝစေရဘူး"

"ငါ ဝသာန့်ကို ယုံတယ်
အဲလောက်မူယာမာယာနဲ့ တက်မလာနဲ့
နင်သွားလိုက်တော့ နင်တို့ company နဲ့လဲ ရှေ့လျှောက်လက်မတွဲတော့ဘူး ငါ့မျက်စီရှေ့အရိပ်လာမထင်စေနဲ့ ငါအရင်တုန်းကစိတ်နဲ့ဆို နင် လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဘဝကူး နေလောက်ပြီး နားလည်လား "

"ထွက်သွား ----"
ဒေါသတကြီး နဲ့ တံခါးဘက်ကိုလက်ညှိုးထိုးပြီး မာလာကို နှင်ထုတ်နေတယ်

"Security တွေ ဘာလုပ်နေလဲ ဒီအမှိုက်ကိုသွားပစ်လိုက်အပြင်မှာ"

သူတို့ တစ်ခါခံထားဖူးတော့ အနှိုင်းမဲ့ ကို ကြောက်ကြောက်နဲ့ပဲ

Security - "ဟုတ်ကဲ့ပါ သွား.. သွား.. ပစ်.. ပစ် လိုက်ပါ့မယ်"

မာလာလဲအနှိုင်းမဲ့ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး

🌿အကြင်နာလက်တစ်ကမ်း🌿 ( 🌿အၾကင္နာလက္တစ္ကမ္း🌿)Where stories live. Discover now