[ 8 ]

3.9K 615 6
                                    

Unicode

ဒုတိယပွဲစဉ်တွင် ခုနစ်ယောက်ကိုပဲ ထုတ်ပယ်မှာဖြစ်ပြီး အယောက်နှစ်ဆယ်က နောက်တစ်ဆင့်တက်လှမ်းနိုင်လိမ့်မည်။ ပထမပွဲစဉ်နှင့်ယှဉ်လျှင် ဒီတစ်ခေါက် ပြိုင်ပွဲဝင်များကို သေသေချာချာ ရီယာဇယ်လုပ်ပေးပြီး ပြင်ဆင်ပေးထားလေသည်။ stage အသုံးအဆောင်နှင့်အဝတ်အစားပိုင်းကိုပါ ထည့်သွင်းစဉ်းစားထားတာမို့ performance effect က ပိုကောင်းမှာပင်။

စင်ပေါ်မှာ ဖျော်ဖြေသည့်အခါ ပြိုင်ပွဲဝင်အားလုံး ပါဝင်ရမှာဖြစ်ပြီး အရင်ပြိုင်ပွဲအစဉ်လိုက်အတိုင်းဆို ဝမ်ကျားနင်အလှည့်က အတော်လေး နောက်ကျလိမ့်မည်။ စင်ပေါ်မှာ သူ့နေရာကလည်း ‌အလှမ်းဝေးသဖြင့် သက်သက်မရှာသရွေ့ သူ့ကို သတိပြုမိကြမှာမဟုတ်။

သို့ပေမယ့် ဝမ်ကျားနင်က ပထမပွဲစဉ်ကတည်းက ‌တော်တော်လေး လူသိများနေပြီဖြစ်သည်။ မကြာမကြာဆိုသလို ဝမ်ကျားနင်ရှိနေရာထောင့်ကို ကင်မရာရိုက်နေတာမို့ သူ တအားသက်တောင့်သက်သာဖြစ်နေပုံ ပြလို့မရပေ။

ဝမ်ကျားနင် ဒီနေ့ဖျော်‌ဖြေမှာက stage drama ခံစားချက်နည်းနည်းပါသည်။ ရီဟာဇယ်လုပ်နေစဉ် ရုပ်သံလွှင့်ဌာနမှစီစဉ်ပေးသောဂီတဆရာ၏အကြံပေးချက်ဆိုလည်း ဟုတ်သည်။ ဘာကြောင့်လဲဆိုတော့ ဝမ်ကျားနင် သီချင်းသီးသန့်ပဲ ဖျော်ဖြေလျှင် သူ့အတွက် အခွင့်အလမ်းသိပ်မများနိုင်သောကြောင့်ပင်။ show မို့လို့ အသံတစ်ခုတည်းကိုပဲ မဖြစ်မနေနားထောင်ရမှာမဟုတ်ကြောင်း၊ ရှုထောင့်ပေါင်းစုံကနေ ကြည့်မှာဖြစ်ကြောင်း။ အဆိုတော်ပေါ်မူတည်ပြီး အဆင်ပြေအောင် ထောက်ထားပေးတာမို့ ပြိုင်ပွဲမှာ မျှတပေသည်။

ဝမ်ကျားနင် ရွေးလိုက်သည့်သီချင်းမှာ 'Puppet'။ သူက သီချင်းဆိုရင်း တောက်လျှောက် အသက်မဲ့ရုပ်သေးရုပ်လို သရုပ်ဆောင်ရမှာဖြစ်ပြီး အဆုံးတွင်တော့ သူ့ကိုယ်ကိုရစ်ပတ်ထားသည့်ကြိုးကနေ ဖြတ်တောက်လွတ်မြောက်သွားလိမ့်မည်။ တစ်ချိန်တည်းမှာပဲ သူ့ဝိညာဉ်လွတ်ထွက်သွားကာ အသက်တန်ဖိုးပေးဆပ်လိုက်ရသည့်ပုံစံမျိုး။

ရီဟာဇယ်လုပ်တုန်းကတောင် နည်းပြဆရာက သူ့ performance မှာ မှင်သက်သွားရပြီး တော်တော်ကောင်းသည်ဟု ဆိုခဲ့သေး၏။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now