Ch 17

4.9K 425 29
                                    

[ a/n အရမ်းကြာသွားလို့တောင်းပန်ပါတယ်။ကိုကိုရိပေါ်နဲ့ရှလူးနေမိလို့ကြာသွားတာပါ ]
____
ရက်တွေမှသည် သတ္တပတ်အဖြစ်သို့၊သတ္တပတ်မှသည် လအဖြစ်၊လအဖြစ်မှ နှစ်အဖြစ်သို့ ကူးပြောင်းလာခဲ့သည်။ဆောင်းဦး၊နွေဦး၊မိုးဦးတို့ကိုအလီလီဖြတ်ကျော်လိုက်ရသည်မှာ၃နှစ်တောင်ရှိသွားလေပြီ။သို့သော် ၃နှစ်တိုင်ကြာအောင် မပြောင်းလဲသေးသောအရာက...

ဆုန်းအိမ်တော်။

"မမရေ...ထတော့ဗျာ၊ သား ရေချိုးပြီးတာတောင်မနိုးသေးဘူးလား။"

ခပ်သြရှရှအသံနှင့်အတူ အိပ်ချင်မူးတူးဖြစ်နေသော အသံငယ်လေးကပါထွက်ပေါ်လာသည်။

"အား ကျောင်းဖွင့်ရက်တွေကိုမုန်းလိုက်တာနော်..၊ ကိုကြီးတို့များကောင်းလိုက်တာ ကျောင်းသွားစရာမလိုတော့ဘူး။"

"ဒါပေမဲ့ ရုံးသွားရသေးတာပဲလေ..."

အပြန်အလှန်ပြောဆိုနေကြသူများမှာ ယွန်းဟွာနှင့် ဂျီဟျွန်းတို့ပင်ဖြစ်လေသည်။ယခုနှစ်တွင် ဂျီဟျွန်းက ၁၃နှစ်ရှိပြီဖြစ်ကာ ယွန်းဟွာကတော့ စီနီယာအထက်တန်းပင်တက်နေရလေပြီ။၁၈နှစ်ပြည့်တော့မည့် ယွန်းဟွာသည် ယခုထိကိုကလေးလုပ်၍ကောင်းတုန်းပင်။၁၈နှစ်ပြည့်တာနှင့်အညီ သူမကိုယ်မှအနံ့သင်းသင်းလေးကလဲပိုမိုထွက်ပေါ်လာသည်။

ရေချိုးခန်းထဲရှိ မှန်ရှေ့တွင်ရပ်ကာ ယွန်းဟွာတစ်ယောက်အတွေးနယ်ချဲ့နေမိသည်။

'ငါ့ဆီက အနံ့က အတင်းကို ခန္ဓာကိုယ်ထဲကထိုးထွက်နေသလိုပဲ။ ဒီကိုယ်က betaရောဟုတ်ရဲ့လား၊ မဟုတ်ဘူးဆိုရင် heat ကာလကြရင် ကွိုင်တက်ပြီပဲ...'

သူမတွင် ယခုအမှတ်များမှာ270အထိထိုးတက်နေပြီဖြစ်ကာ အခြားpercentများမှာလဲကောင်းနေသည်မို့ သူမ၏အမှတ်တချို့ကိုဖြုန်းရန်ဆုံးဖြတ်လိုက်သည်။ထို့ကြောင့်စိတ်ထဲမှ တာဝန်ကျsystemကိုခေါ်လိုက်သည်။

'system ငါ့အတွက် ယွန်းဟွာရဲ့ကိုယ်ရေးရာဇဝင်အပြည့်အစုံကိုလိုချင်တယ်....pointဘယ်လောက်ကျမလဲ..'

ထိုအခါ စက်ရုပ်အသံတစ်ခုကပြန်ဖြေလာလေသည်။

'Points 300 ပါ...'

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now