၂၁၅။ “အဆင့်ချိုးဖျက် တက်ရောက်ခြင်း - ၃”
ဂျန်ဝုရှီ ခေါင်းရှုပ်နေသည့် အမူအရာကို တွေ့ရ၍ ဂျန်ဝုယောင်းက ဆက်လက် မပြောတော့ဘဲ သူမကို သူ့လက်မောင်းကြားထဲ ဆွဲသွင်းလိုက်သည်။ သူမကျောပြင်ကို သူ့ရင်ဘတ်မှာ ကပ်ထားပြီး သူမခေါင်းပေါ်တွင် သူ့မေးစေ့ကို တင်ထားသည်။ ဂျန်ဝုယောင်းက ဂျန်ဝုရှီ၏ လက်များကို ပူးစေ၍ သူမလက်ခုပ်ထဲ လက်တစ်ဝါးစာ ရှိသည့် သလင်းကျောက်လုံးကို ထည့်ပေးလိုက်သည်။
“ငါ နင့်အတွက် စာချုပ်ဝိညာဉ်လက်စွပ်ကို ပြင်ဆင်ထးခဲ့တာ၊ ဒီမှာ ထည့်ထားတယ်” ဂျန်ဝုယောင်းက ပြုံးလျက် ပြောသည်။
ဂျန်ဝုရှီက သူမလက်ထဲရှိ သလင်းကျောက်လုံးကို စူးစိုက်ကြည့်သည်။ အရည်လဲ့ကာ ကြည်လင်နေပြီး အထဲကို ရှင်းလင်းစွာ မြင်နေရသည်။ အနီးကပ် သေချာ စစ်ဆေးကြည့်လျှင်, အထဲမှာ တစ်ခုခု ရှိနေတာကို သတိပြုမိသည်။ အထဲမှာ အလင်းအမြှင်စများက ကူးခပ်နေပြီး အသက်ရှင်နေပုံရသည်။
“အထဲမှာ စာချုပ်ဝိညာဉ်လား” အလုံးမျက်နှာပြင်က အေးစက် မာကျောနေပြီး လှပသည့် သလင်းကျောက်တုံးလိုပင်။ သို့သော် သလင်းကျောက်တုံးနှင့် ကွဲပြားသည်။ မည်သည့် ပစ္စည်းဖြင့် လုပ်ထားမှန်း သူမ မခွဲခြားနိုင်ပေ။
“ဒါကို ဝိညာဉ်အကျဉ်းထောင်လို့ ခေါ်တယ်၊ ဝိညာဉ်တွေရဲ့ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားဖို့ အသုံးပြုတယ်၊ စာချုပ်ဝိညာဉ်လက်စွပ် ပိုင်ရှင် သေဆုံးပြီး နှစ်နာရီကြာရင်, သူတို့က ဝိညာဉ်ကမ္ဘာကို ပြန်သွားကြတယ်၊ အဲအချိန်အတွင်းမှာ စာချုပ်ဝိညာဉ်တွေကို ဖမ်းဆီးရတယ်၊ ဝိညာဉ်အကျဉ်းထောင်ထဲမှာ သူတို့ကို အကျဉ်းချထားရင်, သူတို့ မလွတ်မြောက်နိုင်တော့ဘူး။” ဂျန်ဝုယောင်းက ဝိညာဉ်အကျဉ်းထောင်ကို စိတ်ကူးမရှိခဲ့ပေ။ ကြာပန်းလေးက သူ့ချစ်ချစ်လေး၏ စာချုပ်ဝိညာဉ်မှန်း သိစဉ်, တစ်နေ့ လိုအပ်လာလိမ့်ဆိုပြီး သူက ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။