မိန့်ကခပ်ပျော့ပျော့ယောကျာ်းတစ်ယောက်။
သူ့ဘဝမှာပိုင်ဆိုင်တာဆိုလို့လှပပြီးဖြောင့်ဆင်း
နေတဲ့ဆံနွယ်၊ခပ်ကျယ်ကျယ်မျက်ဝန်း၊ချစ်စရာ
ကောင်းတဲ့အပြုံး၊နို့နှစ်ရောင်အသားအရည်။မိသားစုအသိုင်းအဝိုင်းကပစ်ပယ်ခံထားရတဲ့
မိန့်ကိုမငြိုမငြင်ချစ်ပေးခဲ့သည့်က
မင်းရဲမောင်...။မိန့်ကချစ်စနိုးလေးနဲ့
မောင်လို့ခေါ်တယ်။မောင်ကပြောတယ်ဒီဆံနွယ်တွေကိုသိပ်မြတ်နိုး
တာပဲတဲ့။မိန်းမရှုံးအောင်လှရက်လွန်းတဲ့မိန့်ကို
လည်းစိတ်မချဘူးတဲ့လေ။အပြင်ဆိုလည်းသိပ်
မသွားခိုင်းသဝန်တိုလွန်းတဲ့မောင်စိတ်ချမ်းသာ
ဖို့မိန့်အပြင်ထွက်ဖြစ်သည်ကနည်းသည်။မောင်ကသိပ်ချစ်ဖို့ကောင်းတဲ့သူလေ...။
အားလုံးကအပြစ်တင်ကဲ့ရဲ့ရှုံ့ချနေချိန်
မောင်ကတော့ငါ့လက်ကိုရဲရဲဆွဲပြီး
အချစ်တွေပေးခဲ့တယ်...။"တီးတောင်''
ဟော..အိမ်ရှေ့ကဘဲလ်တီးသံလေးကြားနေ
ရပြီ...။လေးနာရီခွဲဆိုတာနဲ့မောင်ကအချိန်မှန်ကို
ပြန်လာနေကျလေ။တံခါးကိုခပ်မြန်မြန်ဖွင့်ပေးတော့မောင်က
အနမ်းတစ်ပွင့်နဲ့ကြိုဆိုပြန်တယ်။
ငါမောင့်ကိုခပ်တင်းတင်းပြန်ဖက်ထားတော့
မောင်ကမေးတယ်ချွေးတွေနဲ့မရွံဘူးလားတဲ့။ဟင့်အင်း...။မောင်ကဘယ်လိုပဲဖြစ်ဖြစ်
မိန့်ကတော့ချစ်နေမှာပဲ။မောင်ကတက်သစ်စ
မင်းသားတစ်ယောက်ဆိုပေမယ့်ငါစိတ်ပူမိတယ်။
တချိန်မှာမောင်သာအဲ့ဒီ့အသိုင်းဝိုင်းထဲကလူ
တစ်ယောက်နဲ့ဆိုရင်...။အဲ့ဒီ့လိုခနခနတွေးလွန်း
ပြီးမောင့်ကိုပြောပြတော့မောင်ကစိတ်ဆိုးသေး
တယ်။သူ့အချစ်ကိုမယုံလို့လားတဲ့။ယုံကြည်လွန်းလို့ပဲမောင့်နောက်ကိုလိုက်လာ
ခဲ့ပြီပဲ...။"မိန့် မောင်အရေးကြီးပြောစရာရှိတယ်''
မောင့်မျက်လုံးလေးတွေကပျော်ရွှင်မှုအရိပ်
ယောင်လေးသမ်းနေသည်။လက်နှစ်ဖက်ကို
ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့မောင်ကငါ့ကို
ဝမ်းသာအားရရယ်ပြကာရင်ခွင်ထဲဆွဲဖက်လိုက်
သည်။
YOU ARE READING
ပန်းခူးသူဆူးစူးပါစေ...(Completed)
Short Storyပန်းခူးပြီးမှရက်စက်စွာခြွေခဲ့တဲ့မောင်...ဆူးမစူးပါစေနှင့်။ (Zawgyi+Uni)