If Love Is A Sin

1.7K 132 8
                                    

Before to read I want you to remind that this is a work of fiction.So don't be serious.Read your own risk.If this annoy you, u can pass it on..


ရယူပိုင်ဆိုင်ခဲ့တာက အပြစ်ဆိုရင်...

သူ့ကိုအနားမှာ‌ေခါ်ထားခဲ့တာက အပြစ်ဆိုရင်...

အကယ်၍အချစ်ဆိုတဲ့အရာကသာ အပြစ်ဆိုရင်...


"အဲ့ကောင်လေးကအရင်က CIA ကလေ အရင်နှစ်ကအမှုတစ်ခုဖြစ်ပြီးထဲက အဲ့လိုဖြစ်သွားတာပဲ"

"ငယ်ငယ်လေးရှိသေးတာကို ကြည့်ပါဦး သနားပါတယ်..."

"ရုံးမှာအေးဆေးထိုင်ပြီး အမှုလိုက်နေရမယ့်လူက ဘာလို့ပင်ပင်ပန်းပန်း လုပ်နေရတာလဲ နားမလည်တော့ဘူး.."

"အကြောင်းရှိလို့နေမှာပေါ့ သနားပါတယ်..."

"သနားပါတယ်..??" သူဒီစကားကိုကြားနေရတာက မရေမတွက်နိုင်အောင်ပင်။ အားတင်းပြီးပြုံးထားပေမယ့်လဲ လူတွေရဲ့"ငိုနေတာလား?" ဆိုတဲ့ မေးခွန်းတစ်ခုထဲနဲ့ သူ့ခံစားချက်တွေကို နင့်နေအောင်လုပ်တာအခါခါပင်။

တစ်ယောက်သောသူနဲ့ အတူတူရှိနေကြ အိမ်ပြန်ချိန်တွေက အရောင်တွေမပြောင်းခင် သိပ်ကိုလှပခဲ့ပါသည်။ နေဝင်ချိန်တွေကို အတူကြည့်ရင်း နှစ်ယောက်အတူရှိနေကြ ဝရံတာအောက်မှာ တစ်ယောက်နဲ့တစ်ယောက် အနမ်းတွေခြွေရင်း...သိပ်ကို လှပခဲ့ပါသည်။

အခုတော့အိမ်ပြန်ချိန်တွေကိုတောင် သူကြောက်ရွံ့နေမိသည်။ အိမ်ထဲကိုရောက်ရောက်ခြင်း အေးစက်စက်အငွေ့အသက်နဲ့ သူ့အရိပ်ကလေးမရှိတဲ့ ဒီရပ်ဝန်းက နဲနဲလေးမျှတောင် စိတ်ချမ်းသာခြင်း အလျဉ်းမရှိခဲ့ပါ။

ဘေဘီသိလား... ကိုယ်တို့အတူတူစိုက်ခဲ့တဲ့ ဝရံတာက နှင်းဆီပန်းတွေတောင် ပွင့်နေကြပြီ။ နေဝင်ချိန်တိုင်း အတူကြည့်နေကြ နေမင်းကြီးကလဲ သူ့တာဝန်အတိုင်း တနေ့တာဆောင်ရွက်ပြီးရင် အနောက်ဘက်ကို တဖြည်းဖြည်းနဲ့ ဝင်သွားပြီ။ ‌ညဘက်တိုင်း ကိုယ့်ကိုအနိုင်ကျင့်ပြီး ကျောပိုးခိုင်းတဲ့ ဘေဘီက အနားမှာမရှိပေမယ့် ကိုယ်ကတော့ အကျင့်ပါပြီး အမြဲတမ်းကျောပေးနေတုန်းပဲလေ။

Without A Heart//HeeJakeWhere stories live. Discover now