ချန်ယွင်တစ်ယောက် ရှောင်းကျန့်ကိုကြည့်ပြီး နားမလည်နိုင်ဖြစ်နေသည်။အကြောင်းကတော့ ဟိုတစ်နေ့က ၀မ်ရိပေါ်ကCeoကို ချစ်လားလို့ ပြောပြီးတဲ့ အချိန်ကစလို့ Ceoပြောင်းလဲနေတာ။အဲ့နေ့က အဲ့လိုလဲမေးပြီးရော ဘာလိုလိုနဲ့ ရောချသွားတာ။ခုလဲ အလုပ်စားပွဲမှာ ဘာမှမလုပ်ဘဲထိုင်နေလေသည်။
စာရင်းတွေဒီလောက် တောင်ပုံရာပုံနေတာ Ceoက အေးဆေးငြိမ်နေသည်။ရှေ့မှာခေါ်ထားတဲ့သူ့ကိုလဲဘာမှမပြော။သွားပြောရင်လဲ Ceoဒေါသကို ကြောက်ရသေးသည်။သူ့ဘ၀ကမလွယ်ပါလားနော်။"ချန်ယွင်"
"ဗျာ ဗျာ CEO"
"မင်းက လူတစ်ယောက်ကို အင်းး မိန်းကလေးတစ်ယောက်ဆိုပါတော့ သူ့ကို ဘာလို့ချစ်တယ်လို့ပြောလဲ"
"ဗျာ အဲဒါက ချစ်လို့ပြောတာပေါ့ Ceo"
"အဲ့တော့ မင်း ဘယ်လိုနေလဲ"
"ဘာကို"
"မင်းရင်ခုန်လားလို့မေးနေတာ"
"အဲ ဟုတ်"
"အင်း သိပြီ သွားတော့"
"ဗျာ အော် ဟုတ် ဟိုလေ အပန်းဖြေစံအိမ်ဘက်က.."
"သိတယ် ငါသွားမှာ"
"ဟုတ်ကဲ့ ညနေလဲချိန်းထားတာရှိပါသေးတယ်"
"အင်း တွေ့ရမယ့်နေရာကို မက်ဆေ့ပို့ထားလိုက် မင်းနေခဲ့ ငါ့ဘာသာသွားမယ်"
"ဟုတ်ကဲ့"
တကယ်တော့ ရှောင်းကျန့်စဉ်းစားနေမိတာက ၀မ်ရိပေါ်ပြောတာကိုပင်။သူလဲ ၀မ်ကျားအော်ပြောလို့ ၀မ်ရိပေါ်က သူ့ကိုပြောတယ်ဆိုတာ သူရိပ်မိပါတယ်။ဒါပေမယ့်လဲ သူ့ကိုအဲ့လိုမေးလာတော့ သူ့ရင်ထဲမှာတစ်မျိုးဖြစ်သွားသည်။ရိပေါ်ကတော့ သဘောရိုးနဲ့ပြောလိုက်ပေမယ့် သူ့ရင်ထဲမှာတော့ ချစ်လား ဆိုတဲ့စကားစွဲနေသည်။
ချန်ယွင်ပြောသလိုဆိုရင် သူ ၀မ်ရိပေါ်ကိုချစ်မိနေတာလား။အစတုန်းကတော့ သူ့မားက လာအပ်လို့ ဂရုစိုက်ပေမယ့် သူကိုယ်သူသတိထားမိသည်။လ်ုတာထက်ပိုပြီး ဂရုစိုက်နေတယ်ဆိုတာကိုပေါ့။သူ့ဘ၀မှာ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး။ကျောင်းတုန်းကလဲ မိန်းကလေးရော ယောကျာ်းလေးတွေပါ သူ့ကိုလိုက်ကြပေမယ့် သူစိတ်မ၀င်စားပေ။ခုတော့ သူ့ထက်အများကြီးငယ်တဲ့ကောင်လေးတစ်ယောက်ကို ချစ်မိသွားတယ်ဆိုတာ သူမယုံနိုင်သေးဘူး။သူ့ဘက်က ချစ်နေပေမယ့် ၀မ်ရိပေါ်ဘက်ကရော။၀မ်ရိပေါ်ကတော့ သူ့ကို ဦးလေးတစ်ယောက်လို့သဘောထားမှာ ကျိန်းသေသည်။