ညနေစောင်းသည်အထိ ရည်းစားအကောင်းစားလေးကရောက်မလာကြောင့် ဆန်းဘေးနဲ့အတူ သူလျှောက်လည်နေမိသည်။မှောင်နေပြီမလို့ စီနီယာကသူ့ကို စိတ်ပူကာ အိမ်သို့တန်းတန်းမတ်မတ်ပြန်လိုက်ပို့သည်။
"ကျေးဇူးတင်ပါတယ် ဒီနေ့အတွက်"
"ရပါတယ်ဗျာ"
သူလည်း ဟီး ခနဲ တစ်ချက်ပြုံးပြလိုက်ကာ ခါးကို 90° အထိ ကိုင်းပြီး နှုတ်ဆက်လိုက်သည်။
"ကောင်းကောင်းအိပ်ပါ အကိုပြန်တော့မယ်"
"နယ်~ကောင်းကောင်းပြန်ပါ"
"အင်း အထဲဝင်တော့"
သူလည်း တဖန်နှုတ်ဆက်ကာ အိမ်ထဲသို့ဝင်လာခဲ့သည်။မေမေက ဂျယ်ဂျူကို ဂျောင်ဝန်းတို့အမေတို့နဲ့သွားတာမို့ အိမ်မှာသူတစ်ယောက်တည်း ဖြစ်နေသည်။ဟိုလူ့ကိုလည်း စိတ်ဆိုးနေမိသည်။သူ့ကိုမချစ်ဘူးလားဆိုတဲ့ အတွေးကဝင်လာပြန်သည်။
အခန်းမီးဖွင့်ကာ ရေမိုးချိုးပြီး အဝတ်လဲလိုက်သည်။အိပ်ယာပေါ်တက်ပြီး လိုင်းသုံးမည်ဟုဖွင့်လိုက်တော့ မကြာသေးခင်ကမှ ပို့ထားတဲ့ စာအချို့နဲ့ပုံအချို့အား သူကြည့်ကာ ရယ်မိသွားသည်။ဘယ်သူရှိရမလဲ ယန်းဂျောင်ဝန်းပေါ့။ဂျယ်ဂျူမှာ ရိုက်ထားတဲ့ပုံတွေကို လာပို့နေတာ။
ချက်ချင်းပဲ typing လိုက်ကာ "အား ညကြီးသရဲမြင်လိုက်ရတယ်!အိပ်ပျော်မှာမဟုတ်တော့ဘူး" ဟု စာတစ်ကြောင်းနဲ့ စတစ်ကာကိုပါ တွဲလျက်ပို့လိုက်သည်။
ထို့နောက်
မီးစိမ်းသွားတဲ့ အခြားတစ်ဖက်မှ typing ကာ သူ့ကိုပြန်ပို့လာသည်က
"ဘာလဲ ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်မြင်လိုက်ရလို့လား?စိတ်ပူလိုက်တာ ဆောနူရာ"
ကိုယ်ကရွဲ့သည်ကို သူကပါပြန်ရွဲ့ပေးနေသည့် ယန်းဂျောင်ဝန်းအား သူဆဲမည့်အပြု
*တင်း တောင်*
အိမ်ဘဲလ်တီးသံကြောင့် သူဖွင့်ပေးရ မပေးရ တွေဝေနေမိသည်။ဒီချိန်ကြီး ဘယ်သူလဲ?ဘာလာလုပ်တာလဲ။သိပ်မညဉ့်နက်သေးပေမဲ့ သူတစ်ယောက်ထဲမလို့ ကြောက်ရသည်မဟုတ်လား?
YOU ARE READING
ᵒᶠᶠ ᵐʸ ᶠᵃᶜᵉ || Completed
Short StoryOFF MY FACE - SHORT STORY WRITTEN IN BURMESE ~~~~~~~~~~~~~~~~~~~~~~~ cuz' i'm off my face,in love with u. i'm out my head ,so into u. quoted from Justin Bieber's song. song name - off my face. (i advise u to listen 💌)