"လူကြီး "
"အင်း..ပြောလေ ကောင်လေး "
သင်္ချာတွက်နေရင်း ခေါ်မိတော့ သူ့ရှေ့မှာထိုင်နေသည့်
လူကြီးက စာဖတ်နေရင်းပင် မျက်လုံးလှန်ကြည့်၏။
လက်ထဲက ဖတ်လက်စစာအုပ်ကိုလည်းချ
အာရုံတို့အားလည်း သူ့ထံကိုသာ အကုန်ပို့၏။
မျက်တောင်ရှည်တွေအောက်က
မျက်၀န်းပြာတွေကို ဒီထက်ပိုပြီး မစွဲလမ်းမိစေဖို့
သူဘယ်လိုလုပ်ယူရပါ့မလဲ ။"ဘယ်နား နားမလည်လို့လဲကောင်လေး "
ပြောလာသည့် လူကြီးအသံက သြရှရှ ။ နားထောင်လို့ကောင်းသည် ။ ပုံပြောကောင်းသည့့် လူတစ်ယောက်လို လူကြီး စကားလုံးတိုင်းက ညက်ညောပြီး သူ့ကိုလိုက်နာအောင်စေစားနိုင်စွမ်း၏။
"ကျွန်တော်လူကြီးကိုပြောစရာရှိလို့ "
လက်ထဲက ဘောပင်အား ချကာ မေးထောက်ရင်း သူပြောလိုက်တော့ လူကြီးက "ပြောပါဗျာ "ဟုဆိုသည်။
ပြီးတော့ သူ့အနည်းငယ်ရှုပ်ပွနေသည့်
သူ့ဆံပင်တွေကို
လက်ဖ၀ါးနုနုဖြင့် ခပ်ဖွဖွ ထိကိုင်ကာ သပ်ပေသည်။
ဒါဟာ လူကြီးပြုမူနေကြအရာမို့
အနေခက်တာမျိုး သူမဖြစ် ။
လူကြီးလက်ဖ၀ါးနွေးနွေးနှင့်
ထိတွေ့ခွင့်ရသည့် သူ့ဆံပင်တွေကို
မနာလိုမိရုံမှတစ်ပါး အခြားတော့မရှိ။ခပ်လေးငုံ့ကာ ငြိမ်ခံတော့
လူကြီးက သဘောကျသလိုပြုံး၏။
အခုချိန် သူ့အလိုအတိုင်းလုပ်ရလျင်ပင်
ချက်ချင်း ဒီလူကြီးကို "သိပ်သဘောကျတာပဲ "ဟုဆိုကာ
အတင်းသာဖက်နမ်းပစ်လိုက်ချင်ပါသည် ။"ကျွန်တော် ဆယ်တန်းမှာ All Dရရင်လူကြီးက ဘာပေးမှာလဲ "
သူမေးလိုက်တော့ လူကြီးက
သူ့အားအံသြသလိုကြည့်လာ၏။
သူကတော့ ခပ်တည်တည်ပင်
လူကြီးမျက်၀န်းတွေကိုသာ စိုက်ကြည့်လိုက်သည်။
လူကြီးအံ့သြရင်လည်း အံ့သြစရာပဲ မဟုတ်ပါလား ။
သူဆိုတာ စာတော်ပေမယ့် ဘယ်သောအခါမှ ဘယ်သူ့ကိုမှ ဒီလိုမျိုးတောင်းဆိုတတ်တဲ့လူတစ်ယောက်မဟုတ် ။
ပြီးတော့ သူတောင်းဆိုစရာမရှိလောက်အောင်
သူ့ဘ၀ကြီးက ပြည့်စုံပြီးသားလေ ။"ကောင်လေးသာ All Dထွက်ရင်
ကျွန်တော်မျိုးက လိုချင်တာပေးပါ့မယ်ဗျ"