PROLOGUE

1.5K 129 25
                                    

(( U & Z ))



ဖြောင်း!

" အသက် "

နောက်ကျနေမှန်း သိလို့ အိမ်ကိုအမြန်
ပြေးလာကာမှ
အိမ်ပေါက်ဝ တည့်တည့်မှာ ဆီးကြိုနေသည်က
ချစ်ရသူလေးရဲ့ အားပြင်းတဲ့ ရိုက်ချက် ။

" မင်းအိမ်ဆိုတာတော့ သတိရသေးသား
ဝမ်ရိပေါ် ။ "

" ကိုယ်.... တောင်းပန်ပါတယ်။ မာမီ က "

တောက်စ်!

​ဒေါသကြောင့် နီရဲနေသည့် မျက်နှာလေး ။

အရင်ကဆို အသည်းယားလို့ တဖွဖွ နမ်းရှုံ့မိမှာ
ဆိုပေမဲ့ ခုချိန်မှာ ကိုယ့်ဘက်က မှားထားသူ။

" ငါပြောခဲ့တယ်မလား ဝမ်ရိပေါ် ။ မလာနိုင်ရင် စောက်ရေးမပါတဲ့ ကတိတွေ မပေးနဲ့လို့ အစတည်းက ငါပြောပြီးသား ဝမ်ရိပေါ်။ မင်းမပါတဲ့ မွေးနေ့ပွဲလေးကို ငါသမီးလေးနဲ့ အတူ ဖြတ်သန်းပေးလို့ရတယ်။ အခု... သမီးက မင်းကိုဘယ်လောက်တောင်မျှော်နေခဲ့သလဲ ။ ငါမနည်းချော့မော့ပြီး သိပ်လိုက်မှ မျက်ရည်အဝိုင်းသားနဲ့ အိပ်သွားခဲ့တာ ။
မင်းက တကယ်ကို စောက်သုံးမကျတဲ့ အဖေဘဲ
ဝမ်ရိပေါ်။ "

" အသက်! ကျစ်! ကိုယ့်မှာလည်း အကြောင်းရှိလို့လေကွာ။ကိုယ်သမီးလေးကို တောင်းပန်မှာပါ ။
မာမီက အရေးပေါ် နှလုံးထဖောက်တာမို့... ကိုယ်လည်း မတတ်သာလို့ "

" ငါကို လာမအော်နဲ့ ဝမ်ရိပေါ်။ မင်းက ဘာတွေမှန်နေလို့လဲ ။ အမြဲတမ်း မင်းအမေက ငါတို့ရဲ့ Anniversary နေ့တွေ ၊ မွေးနေ့တွေမှာဆို... အမြဲ နှလုံးကထဖောက်နေတာနော်.... မင်းဦးနှောက်က ဆရာဝန်ဖြစ်ပြီး ဒါမျိုးကျ သုံးစားမရလောက်အောင် တုံးအနေတာလား ။ မင်းအမေက ငါ့ကို သပ်သပ်ချိုးပြနေတယ် ဆိုတာ မင်းမတွေးတတ်တာလား
ဝမ်ရိပေါ် ။ "


ရိပေါ် သိသည်။ မာမီက အသက်နဲ့ သမီးလေးကို
မကျေနပ်လို့ ဒီလိုတွေ လုပ်ပြနေတယ်ဆိုတာ ။ ဒါပေမဲ့ မိဘတစ်ယောက်မို့ ရိပေါ် ပါးစပ်က
ဘယ်လိုပြောထွက်ရက်မှာလဲ ။

မာမီက ဒယ်ဒီ မရှိစဥ်ကတည်းက ယောကျာ်းတွေနဲ့ ရင်ဘောင်တန်း​က ဒယ်ဒီလုပ်ငန်းကို ဦးစီးခဲ့တဲ့ အထိကို သန်မာလွန်းတဲ့ အမျိုးသမီး ။

CINGULOMANIA Where stories live. Discover now