Zawgyi
"ချစ်သူအဆင့်ထက်ပိုသွားကြပြီလို့
ယူဆနိုင်ပြီမဟုတ်လား"
တစ်ကိုယ်လုံးမသယ်ချင်လောက်အောင် နုန်းခွေနေပေမယ့် အကျင့်သားရနေပြီဖြစ်သည့်မျက်လုံးက အလိုအလျောက်ပွင့်လို့လာခဲ့ချိန်တွင် အချိန်ကလည်း အတော်လင့်နေလေပြီ။ထို့နောက် ရှန်းက သူတစ်ယောက်တည်းရှိနေသည့်အိပ်ယာထက် ဟိုဘက်ဒီဘက်နှစ်ချက်လောက်လူးလှိမ့်လိုက်ပြီးနောက်တော့ အိပ်ယာပေါ်ကနေဆင်းသွားပြီး ဟိုတစ်ယောက်ကိုမတွေ့ရတာကြောင့် တံခါးဘက်ဆီလှမ်းကြည့်လိုက်သေးသည်။
အခန်းထဲလိုက်ကြည့်နေရင်းမှ ခုံပေါ်မှာအိတ်တချို့ကိုတွေ့ရတော့ သွားကြည့်လိုက်ရာ "အစ်ကိုဝတ်ဖို့အတွက်"ဟူ၍ရေးထားသည့်စာရွက်လေးက အိတ်ပေါ်မှာ။
ထုတ်ကြည့်လိုက်ချိန် အကုန်လုံးအနက်ရောင်တွေချည်းဖြစ်နေတာကြောင့် ရှန်း၏မျက်လုံးလေးတွေက အနည်းငယ်ငြိမ်သက်သွားလေ၏။ သို့သော် အချိန်ဆွဲမနေတော့ဘဲ အဝတ်လဲဖို့၊ ကိုယ်လက်သန့်စင်ဖို့သာလုပ်လေသည်။ခဏကြာတော့ မှန်ရှေ့အရောက် မှန်ထဲကသူ့ပုံကို အသေအချာကြည့်မိချိန် ရှန်း၏စိတ်ထဲမှာ ပဟေဠိပေါင်းများစွာကပေါ်ပေါက်လို့လာပါ၏။
နားမလည်သလို စဉ်းစဉ်းစားစားပုံစံနှင့် မျက်ခုံးလေးတွေမသိမသာတွန့်နေသူက ဝတ်ထားရာအင်္ကျီလည်ပင်းနဲ့ လက်ကောက်ဝတ်အစတွေကို ကိုင်ကြည့်ရင်း အတော်စဉ်းစားမရချေ။ ဘာလို့ဆို ညကသူဝတ်ခဲ့သည့်အင်္ကျီမှာ ဒီလိုပိတ်ဖောက်ဇာအထပ်အထပ်နဲ့ကွပ်ထားတာမဟုတ်ဘဲ ဇာပန်းပွင့်တွေဆိုတာ သူအသေအချာသိသည်တာကြောင့်ပင်။
ထို့နောက် အင်္ကျီကိုချွတ်လိုက်ချိန်လည်း မျက်လုံးတွေက အတော်ဝိုင်းသွားရပြန်ပါသည်။
အတွေးများနေရင်းပဲ သူ့ပခုံးတွေ၊ လည်တိုင်အစပ်တွေနဲ့ ညှပ်ရိုးနားတွေကိုလိုက်တို့ကြည့်မိပြီး မျက်နှာလေးကအနည်းငယ်ရှုံ့မဲ့မဲ့။ ထို့နောက် လက်တွေ၊ ခြေထောက်တွေကိုလည်း လှည့်ပတ်ကြည့်ကာ တစ်ခုခုကိုရှာနေလေ၏။
ဖြူ ဝင်းဝင်းအရေပြားကလွဲလို့ ဘာမှရှိမနေတာမို့ ခေါင်းတစ်ချက်ခါပြီး အဝတ်သာဆက်လဲလိုက်လေ၏။
YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...