အပိုင်း(၁၂)

115K 8.2K 1.1K
                                    

သုံးရက်အကြာထိ
တိတ်ဆိတ်နေသည့် conversation
ကိုငေးကြည့်ရင်း ရှန်ခွန်းနောင်
အတွေးတွေများလာခဲ့ပါသည်။

အရာရာတိုင်းက သူကပဲ စတင်နေရတာလား..။
အစ်ကို့ဘက်က သူ့ရဲ့ခံစားချက်တစ်ခုကို
အားနာနာနဲ့လက်ခံပေးခဲ့ရတာကလွဲလို့
မပိုခဲ့ဘူးလား..။

ဒီလိုဆိုသူကရောဆက်ပြီး မျှော်လင့်ချက်နဲ့
တွယ်ကပ်နေသင့်သေးရဲ့လား..။

မြတ်မြတ်နိုးနိုးနဲ့ ဒီကြိုးတွေကိုချည်ထားမိတယ်
ဆိုပေမဲ့လည်း..တစ်ဖက်လူရဲ့ ဆန္ဒမပါတဲ့အခါ..
ကြီးစွာသော အနှောက်အယှက်ဆိုတဲ့
အဓိပ္ပာယ်ပဲ ထွက်လာခဲ့မှာပဲလေ...။

Screen ပေါ်က live streaming ကိုပဲ
ငေးကြည့်နေမိပြီး အတွေးတွေလွင့်နေမိသည်..။

လည်ဝိုင်းစပို့ရှပ်လက်ရှည်အဖြူရဲ့လက်ကို
တံတောင်ဆစ်ထိပင့်ဝတ်ထားပြီး..
ဆံပင်တွေကို နဖူးပေါ်ကိုသာ ခပ်ဖွဖွချထားသည့်
အစ်ကိုက အရင်လို အေးအေးဆေးဆေးပင်..။
သူ့ stream နေသည့် game
ကို သေချာဆော့နေပြီး
Cmt တွေကိုလည်း တစ်ချက်တစ်ချက်..
ဖတ်ပေးနေသည်။

စကားမပြောခဲ့တာ သုံးရက်ရှိခဲ့ပေမဲ့..
သုံးရက်လုံး အစ်ကို့ကို လျစ်လျူရှုနိုင်ခဲ့
သည်မဟုတ်ဘဲ live streaming တွေကို
ဝင်ကြည့်မိနေခဲ့သည်။

အရင်လို gift လေးတွေလည်းပေးနေခဲ့မိပေမဲ့
အရင်လိုတော့ အစ်ကိုက သူ့နာမည်
တစ်ခုတည်းကိုသာ ပြုံး၍ဖတ်ပေးခဲ့တာမျိုး
မရှိခဲ့တော့။

၂ နာရီကြာပြီးသည့်နောက် Live streaming
ပြီးသွားသည့်အခါ.. active now ဖြစ်နေသည့် conversation လေးကို .. ဖွင့်ကာ အတန်ကြာငေးကြည့်နေမိပြီး၊
message အဟောင်းတွေကို
ပြန်ဖတ်ကြည့်နေမိခဲ့ပြီးမှ.. WiFi ကို ပိတ်ကာ
ဖုန်းကို ဘေးသို့ချလိုက်မိသည်..။

နေနိုင်သည်မဟုတ်ပေမဲ့ နေချင်မိသည်..။

အချိန်တစ်ခုအထိ..
ပျော်ရွှင်စရာလို့ သတ်မှတ်ထားခဲ့တဲ့ လူရဲ့
အဝေးမှာနေရင်ရော.. ဟိုးအရင်အဲ့ဒီလူကို..
မသိခဲ့တဲ့အချိန်တွေတုန်းကလို
ပျော်ရွှင်နိုင်သေးရဲ့လား..။
ဒီမေးခွန်းရဲ့အဖြေကို သိချင်မိသည်..။

RO ( ရို ) (Completed)Tempat cerita menjadi hidup. Temukan sekarang