Part 22-ဘာလို့ငါလဲ?!။

4.5K 662 71
                                    

Unicode

နေ့လည်စာစားခြင်းက ကိုးရိုးကားရားပြီးဆုံးသွားပြီး အကုန်လုံးက တစ်ဖန် ဧည့်ခန်းထဲမှာ စုဝေးနေကြတယ်။စကားဝိုင်းကိုဦးဆောင်ရမဲ့ မိုလောင်ထရန်းက တိတ်ဆိတ်နေပြီး ဒန်နီရယ့်အတွက်ဟော်မုန်းတွေထုတ်လွှတ်ကာနှစ်သိမ့်ပေးတာနဲ့ သူ့ဟာသူအလုပ်ရှုပ်နေတယ်။

တစ်ဖက်မှာ လော်ရာမိုက လွမ်မင်လေးကိုထိန်းနေတယ်။တခြားသူတွေက ဘာစကားမှမပြောချင်တော့ ဗရော်နီကာကစိတ်မရှည်ဖြစ်လာပေမဲ့လည်း ရွေးချယ်စရာမရှိတော့ စောင့်ဆိုင်းနေရတယ်။ဘေးမှာထိုင်နေတဲ့ ဟန်လုကိုလှမ်းကြည့်လိုက်ပေမဲ့ နေ့လည်စာစားပြီးကတည်းက အယ်လ်ဖာက သူမကိုဂရုတောင်မစိုက်တော့ဘူး။မိုဟန်လုရဲ့ မတူညီတဲ့အပြုအမူကိုသတိထားမိပြီး ရင်ဆိုင်ဖြေရှင်းချင်ပေမဲ့ အခုချိန်က သူမနဲ့ သူမဗိုက်ထဲကကလေးအကြောင်း အစဖော်လို့ကောင်းတဲ့အချိန်တော့မဟုတ်သေးဘူး။

အဲ့ဒီ့အချိန်မှာ ဒန်နီရယ်ကတော့ သူ့ကိုလျစ်လျူရှုနေတဲ့ ဟန်လုကိုစိုက်ကြည့်နေတယ်။ဒန်နီရယ်ရဲ့ အမုန်းပါတဲ့အကြည့်တွေကို မိုဟန်လုသတိထားမိပြီး ဘာကြောင့်လဲဆိုတာကောင်းကောင်းသိပေမဲ့ အခုချိန်မှာ သူ့မှာရွေးချယ်စရာဆိုလို့ဘာမှရှိမနေဘူး။

"မြန်မြန်ရှင်းလိုက်လို့မရဘူးလား?။ဒီကိစ္စထက်အရေးကြီးတာတွေ ကျွန်တော့်မှာလုပ်စရာရှိ​သေးတယ်။" ပိုပြီးစိတ်မရှည်ဖြစ်လာတဲ့ ထရန်းဇီက တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်ပြီး သူ့ရဲ့အကို မိုဟန်လုဆီ ဦးတည် ပြောလိုက်တယ်။မိုဟန်လုက စိတ်ထဲမှာညည်းတွားလိုက်ပြီး ဘာကိစ္စမှမဟုတ်သလို ဆိုဖာနောက်ကျောကိုမှီကာခပ်လျှောလျှောထိုင်လိုက်ပြီး စကားစတယ်။

"ဘာက ကြီးကျယ်နေလို့လဲ?။ကျွန်တော့်ရဲ့ကလေးဆိုလည်း ကျွန်တော် တာဝန်ယူလိုက်တာပေါ့!။" သူက ဗရော်နီကာကိုတစ်ချက်တောင်လှည့်မကြည့်ဘဲ ရှင်းရှင်း ပြောလိုက်တယ်။ဒါပေမဲ့ အဲ့ဒါကမင်းသမီးကိုအနှောင့်အယှက်မဖြစ်စေဘူး။ဟန်လုရဲ့ဆုံးဖြတ်ချက်နဲ့တင် သူမကပျော်ရွှင်နေပြီ။ပြီးနောက် ဗရော်နီကာက အယ်လ်ဖာရဲ့စကားတွေကြောင့် နာကျင်သွားရသလို ဆက်လက်ဟန်ဆောင်ကာ ဟန်လုကို မျက်နှာချင်းဆိုင်လာတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Wo Geschichten leben. Entdecke jetzt