သူက အဲ့လူမဟုတ်ဘူး
ကျန်းပေထျန်း "......"
မုယိဖန် "......"
ကျန်းကောစုန်းက အော်ဟစ်ရယ်မောလိုက်သည်။
"သားအကြီးဆုံးလား?" မသိနားမလည်သော သူများက မှင်သက်နေကြသည်။ "ဘော့စ်မှာ သား နောက်တစ်ယောက်ရှိနေတာလား ဒါမှမဟုတ် နှစ်ယောက်မကဘူးလား?"
"သေစမ်း၊ ဘော့စ်ရဲ့သားက ဘယ်တုန်းက မွေးလိုက်တာလဲ?"
"ဟုတ်တယ် ဘော့စ် လက်ထပ်တုန်းက ငါ ဘာကြောင့်မကြားတာလဲ?"
"ဘော့စ်မှာ သားတစ်ယောက်ရှိတယ်ဆိုရင် ဇနီးက ဘယ်မှာလဲ?၊ ဇနီးက ထမင်းစားဖို့ ဆင်းလာတာကို ငါ ဘယ်မှာမှ မတွေ့ပါလား?"
လူတိုင်းက လှောင်ရယ်နေကြသည်။
မုယိဖန် "....."
မောင်းယု "....."
ကျန်းကောစုန်းက သူတို့စကားကြားတော့ ပိုလို့တောင် ပြုံးလာသည် ။
ကျန်းပေထျန်းက သူတို့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးများသည် စန်းဇီဟောင်ပေါ်သို့ ကျရောက်သွားသည်။ "ကလေးက အရင်က တစ်ယောက်ပဲ။ "
စန်းဇီဟောင်နှင့် မောင်းယုတို့သည် ကြောင်သွားကြပြီး မုယိဖန် ၏ ရင်ခွင်ထဲမှ ကလေးကို မနေနိုင်မထိုင်နိုင် စိုက်ကြည့်နေကြသည်။
ဒီကလေးက ဘယ်လိုလုပ် နှစ်နှစ်၊ သုံးနှစ် ဖြစ်လာတာလဲ။ တစ်ရက်တည်းနဲ့ ဘယ်လိုလုပ် ကလေးလေး ဖြစ်လာတာလဲ?
စန်းဇီဟောင်သည် သံသယများ ပြည့်နှက်နေသော်လည်း လူအများရှေ့တွင် မေးရန်မလွယ်ကူသောကြောင့် သူ၏ သိချင်စိတ်ကို ဗိုက်ထဲသို့သာ ပြန်ပြီးမြို့ချနေရသည်။
ကျန်းပေထျန်းက အခြားလူတွေကို ကြည့်ပြီး "စားပါ။" ဟုပြောလိုက်သည်။
ကျန်းပေထျန်း သည် ဇနီးနှင့်ပတ်သက်သည့်မေးခွန်းကို မဖြေချင်သောကြောင့် တခြား အကြောင်းအရာကို ပြောင်းလိုက်ကြသည်။ "ဘော့စ်ဉ ကလေးနာမည် ဘယ်လိုခေါ်လဲ?"
ကျန်းပေထျန်း၏ မျက်လုံးများသည် ရှုပ်ထွေးမှုဖြင့် မျက်မှောင်ကြုတ်သွားသည်။
YOU ARE READING
နံပါဝမ်း ဇွန်ဘီဇနီးလေး
Romanceအရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်