နှောင်းသက်၏ခြံသည် မှော်ဘီဘက်တွင်ရှိ၏။ခြံထဲတွင် သရက် ပိန္နဲ ဆူးပုတ် စတာတွေကို စိုက်ထားသလို အခြားသီးပင်စားပင်တွေလည်း စိုက်ထား၏။
လက်ပံပင်ကြီးတစ်ပင်အောက်တွင် ကွတ်ပျစ်ရိုက်ထားရာ နွေရာသီ လက်ပံပွင့်ချိန်တွင် အင်မတန်မှ ထိုင်ချင့့်စဖွယ်နေရာဖြစ်သည်။
နှောင်းသက်၏မိဘတွေဟာ နှောင်းသက်ငယ်ငယ်ကတည်းက နိုင်ငံခြားမှာပဲ နေတော့တာ။နှောင်းသက်က သူ့ဦးလေးနဲ့ ဒီခြံထဲမှာ နေတာ အခုထိပဲ။ဦးလေးဖြစ်သူကတော့ အခုမရှိတော့ဘူးပေ။
"ဇိန် ငါ မင်းကိုချစ်တယ်" နှောင်းရုတ်တရက် ထပြောကာ ပွေ့ဖက်လိုက်၏။ထန်းလျက်ခဲကိုက်နေသောဇိန်သည် ကိုက်လက်စ ထန်းလျက်ခဲနှင့်အတူ နှောင်းရင်ခွင်ထဲကို တိုး၀င်သွားခဲ့၏။ထိုနောက်
"နှောင်း ဘာလို့ထူးဆန်းနေတာလဲ"
"ကိုက ဘာထူးဆန်းလို့လဲ ကို့ကောင်လေးကို ချစ်လို့ ချစ်တယ်ပြောတာလေ"
လက်တံသွယ်သွယ် အသားဖြူဖြူနှင့် ဇိန့်ခမျာ အသားကျစ်ကျစ် လက်ဖျံကြော ထောင်ထောင်ပိုင်ဆိုင်ထားတဲ့နှောင်းရင်ခွင်ထဲ ပို၍တိုးဝှေ့၍ရင်ထဲကို တိုး၀င်လျက်ဖက်လိုက်၏။"နှောင်း ချစ်တာက နူးညံ့ခြင်းလား သိပ်မွေ့ခြင်းလား မသိပေမယ့် ဇိန့်အတွက်ကတော့ ပိုင်ဆိုင်လိုခြင်းက ပိုများတယ်"
ထိုအခါ နှောင်းသည် ဇိန့်မေးစေ့လေးကို လက်ဖြင့် ပင့်ကာ"ပိုင်ဆိုင်တာတွေ သစ္စာတွေ မေတ္တာတွေက ဘေးကို ခဏချထား"
"ကိုမပြောဘဲ မင်းလေးကိုယ်တိုင်သိနေတာက ကို့ရင်ခုန်သံပဲဇိန်"
"နောက်ပြီး မင်းနဲ့အတူကမ္ဘာအပြင်ဘက်အထိ လွင့်မျောနေချင်တာ"
"နှောင်းကလည်းဗျာ ကျွန်တော်က မိုးပျံပူဖောင်းလည်းမဟုတ်သလို အာကာသယာဉ်လည်းမဟုတ်ပါဘူး။ဒီတိုင်း ဇိန့်ပါ။ နှောင်းရဲ့ဇိန့်ပါဗျ"
"သိတာပေါ့ မောင့်သည်းညှာလေးရယ် မင်းကို သိပ်ချစ်မိတာ ဘ၀မှာ အတန်ဆုံးပဲ။
"ကျွန်တော့်ကိုချစ်လို့ နောင်တ မရဘူးပေါ့"
"မင်းကို ချစ်လို့ ငရဲကျမယ်ဆိုရင်လည်း အကျခံရဲတယ် နောင်တ ရမှာတော့ မဟုတ်ဘူး"
"ကျွန်တော်လည်း ခင်ဗျားကိုချစ်တယ်။ခင်ဗျားရဲ့ လက်ဖျံကြောတွေကို မြတ်နိုးတယ်။ခက်ထန်တဲ့အကြည့်တွေ တည်ငြိမ်တဲ့အပြုအမူတွေ အာ...ဗျာ အကုန်လုံးပဲ သဘောကျတယ်"
"အကုန်လုံးပဲဆိုတော့ ဟားးးးး ဟားးးး"
YOU ARE READING
The Cloud
Romanceတိမ်ဆိုမှတော့ တိမ်လိုပါပဲအကို သူ မရှိတဲ့နောက် ဖြစ်တည်လာတဲ့ တိမ် ပေါ့