"အာ...မမ သားအန်ချင်လာသလိုလိုပဲ.."
ယွန်းဟွာသည် systemကပေးသောဇာတ်ကြောင်းကိုမဖတ်ရသေးခင်မှာတင် ဂျီဟျွန်းဆီကစကားကြောင့် သူမ ဂျီဟျွန်းလေးကိုတွဲကာ
"အန်ချင်လို့လား...Toiletသွားမလား၊ မမသံပရာရည်မှာပေးရမလား..ဟင်?"
ဂျီဟျွန်းသည် မည်မျှပင် သန်မာ သန်မာ၊ ၁၃နှစ်သာရှိသေးသည်မို့ ဆေး၏သက်ရောက်မှုကို အရင်ဆုံးခံရခြင်းသာဖြစ်သည်။ယွန်းဟွာသည် ဂျီဟျွန်းဇောချွေးတွေပျံလာတာကိုမြင်သည်နှင့် သူမ ဂဏာမငြိမ်တော့ပေ။မိုဂျွန်းက ဝင်ကာ
"ကလေးကို အပေါ်ထပ်ကအခန်းတစ်ခန်းခန်းမှာနားဖို့ခေါ်သွားလိုက်၊ နင့်အကိုမေးရင်ငါကူပြောပေးမယ်"
"အေး အေး ကျေးဇူးပါဟာ.."
ယွန်းဟွာသည် ဂျီဟျွန်းကိုတွဲကာ လီအိမ်တော်ဆီသွားရန်ပြင်လေသည်။ပါတီပွဲသည် လီအိမ်တော်၏အနောက်ဘက်ရှိ ခြံကျယ်ထဲတွင်ပြုလုပ်ခြင်းဖြစ်၍ သူမတို့ အိမ်ပေါ်သို့ပြန်တက်သွားခြင်းကိုမည်သူမျှမသိလိုက်ချေ။ဆန်းဝူသည် ယွန်းဟွာတို့သွားတာခဏနေမှ
" ဟာ ဒုက္ခပဲ.."
"ဘာဖြစ်တာတုန်း..."
"မွေးနေ့ရှင်ကိုပေးရမဲ့ ကိတ်က မီးဖိုခန်းထဲမှာပဲရှိသေးတယ်၊ မာမီကငါ့ကိုယူခိုင်းတာကို ငါမယူမိသေးတာ..."
"နင်ဟာလေ...ဖြစ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းပဲ..."
"ငါကိတ်မုန့်သွားယူလိုက်ဦးမယ်၊"
ပြောပြီးမတ်တပ်ထအရပ်တွင် ခေါင်းထဲရိပ်ကနဲဖြစ်ကာ ယိုင်သွားလေသည်။ထိုအရာကို မိုဂျွန်းကမြင်သော်
"ဟဲ့ ဟဲ့..ဝိုင်တစ်ခွက်နဲ့ရေချိန်ကိုက်နေပြီလား၊ နင်သာကိတ်မုန့်ကိုယူခိုင်းလို့ကတော့ ကိတ်မုန့်ဘ၀ပျက်မယ်၊ ငါပါလိုက်ခဲ့မယ်..."
သူမ၏ပွဲတက်ပိုက်ဆံအိတ်ကလေးကိုလက်တစ်ဖက်ကကိုင်ကာ တခြားတစ်ဖက်ဖြင့် ဆန်းဝူကိုတွဲရင်း အိမ်ထဲသို့ဝင်သွားလေသည်။မီးဖိုချောင်သည် အိမ်မကြီး၏အနောက်ဘက်တွင်ရှိနေသော်လဲ အစေခံများအားလုံးက ပါတီပွဲတွင်ရောက်နေ၍ မီးဖိုခန်းထဲတွင်လူမရှိပေ။

YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...