Chapter 7 | မထင်ထားသည့် ဖြစ်စဉ်

928 41 8
                                    

Unicode

Chapter 7 | မထင်ထားသည့် ဖြစ်စဉ်

" မင်းဘာပြောလိုက်တယ်!!"

"သား စိတ်ထိန်း! "

"အမေ ဒီတစ်ခါ ကျွန်တော်ကို မတားနဲ့။ အမေ့ မြေးရဲ့ အပြောကို အမေလည်းကြားတယ်မလား!! "

ဤသည်မှာ ခွန်းသစ်ပ ရဲ့စံတော်အိမ်၌ ရာသီဥတု ဆိုးဝါးနေခြင်းဖြစ်သည်။ ခွန်းသစ်ပ၏ အဘွားဖြစ်သူမှာ အသက်အရွယ်အားဖြင့် ကြီးပြီဖြစ်သော်လည်း ခါးကုန်းကုန်း အဘွားအိုတစ်ယောက်မဟုတ်။ smart ကျမှုတစ်သန်းနှင့် မဟာဆန်ခြင်း၊ ဟိတ်ဟန်ကြီးမှု အရှိန်အဝါတို့ကို အချိုးကျစွာ ပေါင်းစပ်ထားသည့် ရင့်ကျက်သော အမျိုးသမီးတစ်ဦးသာဖြစ်သည်။

သူမသည် ဧည့်ခန်းကျယ်ရဲ့ အလယ်မှာ တည်ငြိမ်စွာ ခြေချိတ်ထိုင်ရင်း သူမအရှေ့မှာ မထုံတထေးပုံစံဖြင့် ရပ်နေသော မြေးခွန်းသစ်ပကို ဒေါသတကြီးနဲ့ ဆူပူအော်ငေါက်နေသည့် သားဖြစ်သူကို မျက်မှောင်ကျုတ်ကြည့်နေသည်။ တင်းမာနေသော လေထုကို ဖြေလျှော့ရန် သူမသည် လေသံမာမာဖြင့် ဝင်ထိန်းလေသည်။

"မင်းတို့တွေ စကားကို ပြေပြေလည်လည်ပြောစမ်း! ငါ့အိမ်ထဲမှာ ဆူဆူညံညံလုပ်တာ ငါမကြိုက်ဘူး!"

အရှိန်ဖြင့် တောက်လောင်နေသော မီးကို ရေဖြင့် ငြိမ်းလိုက်သည့်အလား အဖေ့ရဲ့ ဒေါသမီးလျှံများမှာ အဘွားရဲ့ အေးစက်စက်စကားအကြား ရှဲခနဲ ငြိမ်းသွားသည်။

" ကဲ မင်းတို့၂ယောက်လုံး ဒီမှာလာထိုင်။ ​ခွန်းသစ် သားစောနက ပြောတဲ့ စကားက အမှန်ပဲလား အဘွားကို ပြော။"

ခွန်း ရပ်နေသည့် နေရာမှာပင် နေမြဲအတိုင်းနေလျက် ခေါင်းအနည်းငယ်ငုံ့လိုက်ကာ...

"ဟုတ် အမှန်ပါဘဲ အဘွား။"

"မင်းးး တောက်! မင်းဒီလိုဖြစ်အောင် ငါပျိုးထောင်ခဲ့တာမဟုတ်ဘူးကွ!!"

အဖေ့စကားကြောင့် ခွန်း နှုတ်ခမ်းထောင့်ကို တစ်ချက်တွန့်လိုက်သည်။

" သားရဲ့ ဖြစ်တည်မှုကို လက်ခံတာ မခံတာ အဖေတို့ အပိုင်း။ အခုကိစ္စနဲ့ ပတ်သက်ပြီး အဖေ့ဆီက ခွင့်ပြုချက်တောင်းနေတာ မဟုတ်ဘူး။ သားရဲ့ ဖြစ်တည်မှုအကြောင်းကို အဖေတို့ကို အသိပေးရုံပါ။ သားရဲ့ ဆုံးဖြတ်မှုတွေကို အဖေအကြံပေးလို့ရပင်မဲ့ အဖေလိုသလို ထိန်းချုပ်ခွင့်ရော ပြောင်းလဲခွင့်ပါ မရှိဘူး!!!"

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Where stories live. Discover now