Unicode
Chapter 10 | ကိုယ်ဆီအတွေးတို့ဖြင့် ဘာသာနာကျင်မိခြင်း ၂
" အာ.... "
မိုးသည်းထဲဝယ် လွိုင်အံ့မင်းစိတ်ပျက်စွာ ညည်းတွားလေသည်။ သျှားနဲ့ စကားပြောနေတုန်း ဆေးရုံမှ ငွေပေးခြေရမဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဖုန်းဆက်လာသည်မလို့ ပိုက်ဆံအိတ်ကိုယူကာ ခပ်သွက်သွက်ဆေးရုံကို ပြန်ထွက်လာခဲ့ရသည်။ သျှားကိုတောင် သူမနှုတ်ဆက်လိုက်ရ။
ဟိုညီလေးကိုထားခဲ့တဲ့ ဆေးရုံနှင့် မိမိအိမ်က သိပ်မဝေးပေ။ ဒါကြောင့် ခြေကျင်ဖြင့်သာ သွားမိလေရာ အခုတော့ မိုးမိတဲ့ဖြစ်ခြင်း။ မျက်လုံးထောင့်နားက convenience store မှာ ခဏမိုးခိုရင်း ထီးလည်းတစ်ခါထဲဝယ်လိုက်မည်ဟု တွေးကာပြေးသွားလိုက်သည်။ ဆိုင်ထဲမှာ လူစည်နေသည်ကို မြင်လိုက်၍ အမိုးအောက်၌သာ ခဏအချိန်ဖြုန်းနေမိသည်။
ရေစိုနေသော ဆံနွယ်ရှည်ရှည်တွေကို ခပ်မြန်မြန်ထိုးဖွမိ၏။ တစ်ချက်တစ်ချက် ဝှေ့တိုက်လာသော လေအေးတွေကြောင့် လက်ပိုက်လျက် ကိုယ်ကိုကျုံ့ရင်း မိုးရေစက်တွေအကြား အကြည့်ပို့မိသည်။ အသိမကပ်သည့် ကိုယ်နှယ် ဝိုးတိုးဝါးတားမြင်ကွင်းငယ်ကို အတန်ကြာသည်အထိ ငေးမောစိုက်ကြည့်နေမိ၏။
မိမိနဲ့ မလှမ်းမကမ်းမှ ဖြတ်လျှောက်သွားသော အတွဲလေးကို မြင်မှအသိတို့ ကိုယ်ဆီပြန်ရောက်လာပုံ။ ကောင်လေးမှာမိမိ လွယ်အိတ်ကို ကောင်မလေးခေါင်းပေါ်တင်ပေးထားပြီး လက်ဖြင့် မိမိခေါင်းကိုအုပ်ထားသည်။ သူ့ဘေးမှ ကောင်မလေးကတော့ သူ့ခေါင်းကိုကာမဲ့အစား ကိုယ့်ခေါင်းကိုကိုယ်ကာလို့ ခပ်ဆတ်ဆတ်လေးပြောကာ ဆူနေဟန်။ ကောင်လေးကတော့ တစ်လောကလုံးကို သူအပိုင်ရထားသဖွယ် ပြုံးပျော်နေပြီး ဆူပုပ်နေသော ကောင်မလေးကို နူးညံ့စွာကြည့်နေသည်။
ထိုမြင်ကွင်းကို မြင်ပြီးနောက် လွိုင့်အတွေးထဲ ပထမဆုံးရောက်လာလေသူ....သျှား....။
သူ...မှတ်မိရဲ့လားတော့မသိပင်မဲ့...။ လွိုင့်ကို ချစ်ရေးဆိုတုန်းက ဒီလိုမိုးသည်းတဲ့ ညနေခင်းအခါသမယလေးမှာ...။ အိမ်အပြန်လမ်းမှာ မိုးမထင်မှတ်ပဲရွာလို့ ကြုံရာအမိုးအကာအောက်မှာ မိုးဝင်ခိုရင်း အခွင့်ကောင်းယူလိုက်တဲ့ သူက လွိုင့်ကို ချစ်ကြောင်းဝင်ခံခဲ့တာလေ။

ESTÁS LEYENDO
ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔
Ficción GeneralStatus: COMPLETED. Genres: BL/ Drama/ Romance Tag: LoveTriangle/ Psychological/ Angst Location takes place: Human world Time: Current Targeted audience: New Adult Update Schedule: Mon, Wed and Sat IF the series #1 Even If we Wish for Own Creation...